"ဒါနဲ့ တို့မင်းကိုတနေရာရာမှာတွေ့ဖူးသလိုပဲ"
Jenကားမောင်းနေရင်းLisaကိုတချက်ကြည့်ပြီးပြောလိုက်တယ်
"ကျနော့်ကိုလား?"
"ကျနော်ကအခုမှ မမကို တွေ့ဖူးတာပါ"
"ကဲပါထားပါတော့ ဆေးရုံရောက်ပြီ လာ ဆင်းရအောင်"
"ဟုတ် အား နာ နာတယ် "
"ဖြည်းဖြည်းလာ ကောင်လေး"
ဆေးရုံးအခန်းထဲရောက်တော့ Lisaရဲ့လက်ကို ဆရာဝန်ကစစ်ဆေးနေတယ်
"လက်က အရိုးနည်းနည်းအပ်သွားတယ် သိပ်တော့စိုးရိမ်စရာမရှိပါဘူး ဆရာ ကျောက်ပတ်တီးစည်းပေးလိုက်မယ်"
"ဟုတ်ကဲ့ဆရာ ကျေးဇူးပါရှင့်"
Jenကနေ Lisaကိုအားနာမိသလိုပုံစံနဲ့ ကြည့်နေရတယ်
"ရပြီ လက်ကိုတော့ လှုပ်လှုပ်ရှားရှားဘာမှလုပ်လို့မရပါဘူးနော်"
"ဟုတ် "
Lisaက ပြန်ဖြေပြီး အခန်းထဲကနေ Jenနဲ့တူတူထွက်လာခဲ့တယ် တချိန်လုံး သူ့ဘေးနားရှိနေတဲ့Jennieကို စိုက်ကြည့်နေတယ်
"ဒါနဲ့ မ.. မလို့ခေါ်မယ်နော်"
"အင်းပါ ရပါတယ် ဒါနဲ့မင်းအသက်ကဘယ်လောက်လဲ?"
"16ပါ မ"
"အော် ငယ်ငယ်လေးရှိသေးတာပဲ အထက်တန်းကျောင်းသားပေါ့"
"Nae"
"လာလေ တို့မင်းကို အိမ်လိုက်ပို့ပေးပါ့မယ်"
"ဟို လေ မ ကျနော်ဗိုက်ဆာတယ် မုန့်လိုက်မကျွေးချင်ဘူးလား"
လူဆိုးကောင်လေးကတော့ Jenနဲ့တူတူရှိချင်နေတာမို့ အတင်းကို မုန့်လိုက်ကျွေးခိုင်းနေတော့တယ်
"ဟုတ်ပါပြီ ကျွေးပါ့မယ် လာ ကားပေါ်တက်"
ကားပေါ်ရောက်ပြန်တော့လဲ Lisaက Jenကိုပဲငေးနေပြန်တယ် Jenက နေရခက်လာတာနဲ့္စကားစပြောလိုက်တယ်
"မင်းနာမည်က?"
"Lalisa Manobanပါ မ "
"Liceလို့လဲခေါ်လို့ရပါတယ်""ဟင် ဒါဆိုမင်းက Manoban မိသားစုကလား!"
"ဟုတ်တယ်လေ ဘာဖစ်လို့လဲ"
YOU ARE READING
HER BROTHER IS MY BOYFRIEND[Complete]
Fanfictionမမတွေက သိပ်ကြောက်မို့ကောင်းတယ်😗 ပုံ Lalisa Manoban&Park Chaeyoung