"ဒီကို နင်ဘာရည်ရွယ်ချက်နဲ့လာတာလဲ Kim Jisoo"
"အော် ငါက နင့်မောင်လေးကို ကို့မောင်လိုသဘောထားပြီး လိုက်ပို့တာပါ"
"ငါသိနေတယ်နော် "
"အဟက်... နင်ကဘာသိတာလဲ Jennie Kim"
"နင်ငါ့မောင်လက်ကျိုးအောင်လုပ်သွားတာ
ငါကျေနပ်နေတယ်ထင်နေတာလား""နင့်မောင်ကို ငါကတမင်တိုက်လိုက်လို့လား အဟက်ရီရတယ်"
"တော်စမ်းပါ ဟယ် ငါ့ကိုမနိုင်လို့ ငါ့မောင်ကိုဒုက္ခပေးတာမလား "
"တခုပဲပြောလိုက်မယ် နင့်မောင်ဆိုတာလဲ ငါမသိဘူး နောက်မှသိရတာ နင်ယုံချင်ယုံမယုံချင်နင်"
"မယုံဘူး! တခုခုငါပြန်လုပ်ပြမယ် နင့်ကို"
"ဒါပဲ ငါသွားပြီ"
"အော် ဒါနဲ့ ငါ့ကုမ္မဏီမှာ ရှယ်ယာဝင်ချင် ရသေးတယ်နော် Jennie Kim shi..."
ခနဲ့ပြုံးပြုံးကာ ပြောပြီးထွက်သွားတဲ့Jisooကို
Jennieဒေါသူပုန်ထနေပါတော့တယ်😂"ဟမ် ဒါသက်သက် ငါ့ကိုဖဲ့သွားတာ တွေ့မယ် တွေ့မယ် Kim Jisooမ"
************************************
"ဒီနေ့ ကျောင်းကိုစောစောသွားရမယ်"ပတ်ကြီး ကျောင်းအသင်းနေ့ကျတာမို့ စောစောထွက်လာခဲ့လိုက်တယ်
သူ့ရဲ့အစ်မJenကတော့ အိပ်ယာကမထသေး"အကိုလေး မနက်စာ ပြင်ထားပြီးပါပြီ"
"ဒီနေ့ကျနော်မစားတော့ဘူး ကျောင်းသွားတော့မယ် မမနိုးလာရင် ပြောပေးပါသွားပြီလို့"
"ဟုတ်ကဲ့အကိုလေး"
ကျောင်းသွားမယ့်လမ်းမှာ ကျောပိုးအိတ်နဲ့ စမတ်ကျကျလျှောက်လာတဲ့ကောင်လေးအနောက်ကို
တိတ်တိတ်လေးလိုက်ချောင်းတဲ့ မိန်ကလေးတစ်ယောက်ရှိနေခဲ့တယ်...Park Chaeyoung လမ်းတနေရာရောက်တော့
သူ့ရဲ့ဖိနပ်ကြိုးပြေနေတာကြောင့်
ထိုင်ချကာ ကြိုးချည်နေတယ်အဲ့အချိန်သူ့အရှေ့လူတစ်ယောက်အရိပ်တခုက
အုပ်မိုးသွားခဲ့တယ်..."တို့ကူပေးရဦးမလား"
"ဟင်...ဟိုနေ့ကတွေ့တဲ့ မမပဲ"
YOU ARE READING
HER BROTHER IS MY BOYFRIEND[Complete]
Fanfictionမမတွေက သိပ်ကြောက်မို့ကောင်းတယ်😗 ပုံ Lalisa Manoban&Park Chaeyoung