(၁)
"အင်း.."
ယောင်ရမ်းသံလို ငြီးငြူသံသဲ့သဲ့က သူ့ရဲ့ ခြောက်သွေ့နေတဲ့ လည်ချောင်းတွေကို ဖြတ်သန်းပြီး နှုတ်ခမ်းဝကနေ ထွက်ကျသွားတာ ခပ်အက်အက်။ တိုးညှင်းလွန်းလို့ သူကိုယ်တိုင်ကလွဲပြီး တခြားလူတွေ မကြားနိုင်လောက်တဲ့အထိ သိမ်ဝင်နေတဲ့ အသံ။
အဆမတန်လေးလံနေတဲ့ မျက်ခွံတွေကို ဆွဲဖွင့်ပစ်ချင်လွန်းလို့ သူ့မှာ ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းနေတဲ့ အားအင်တွေကို အသုံးချနေရတယ်။ မျက်ခွံတွေဟာ တုန်လှုပ်နေသလို အငြိမ်မနေ။ ရွေ့လျားနေပေမယ့် ပွင့်မလာ။
ဒီ့အတွက် သူ့မှာ စိတ်ဇောနဲ့ ဆန္ဒတွေ ဆူပွက်လာရတယ်။ ဒေါသတကြီး တောက်ခတ်ချင်စိတ်နဲ့ သူ့လည်ချောင်းတွေကို လှုပ်ရှားလိုက်ပေမယ့် ထွက်ကျလာတာက အက်ကွဲသိမ်နုပ်လွန်းတဲ့ တီးတိုးငြီးငြူသံတဲ့လေ။
သူ့တစ်ကိုယ်လုံးကို ရုန်းကန်လှုပ်ရှားနေပေမယ့် လှုပ်ရှားမှုက သူ့ရုန်းကန်မှုရဲ့ ဆယ်ပုံပုံ တစ်ပုံတောင်မရှိ။ လက်ချောင်းထိပ်တွေရဲ့ သွေးကြောလေးတွေအထိ ထုံကျဥ်နေမှုမှာ ဖွင့်မရတဲ့ သူ့မျက်ဝန်းတွေကနေ ခပ်နွေးနွေး မျက်ရည်တွေက စီးကျလာတော့တယ်။
ဘယ်လိုမှ ဖွင့်မရတဲ့ မျက်ခွံတွေရယ်၊ အော်ဟစ်မရတဲ့ စကားသံဖြစ် အင်္ဂါတွေရယ်၊ ရုန်းမရပြုမရ ထုံကျဥ်နေတဲ့ ခန္ဓာကိုယ်ရယ်.. သူ အမှောင်ထဲမှာ တကယ်ကို တုန်လှုပ်နေပါပြီ။ သိပ် သိပ်ပြီးတော့လည်း ကြောက်လှပါပြီ။
"Chenle... Chenle.. သတိထားမယ်လေ! Chenle.."
နွေးထွေးတဲ့ လက်တစ်စုံက သူ့လက်တွေကို ဆုပ်ကိုင်ရင်း၊ သူ့မျက်နှာပြင်ကို ပွတ်သပ်ရင်း အော်ခေါ်နေပေမယ့် သူ မရုန်းနိုင်။ ဒီနာကျင်မှု အမှောင်ထုထဲက မရုန်းနိုင်။
သူ့စိတ်တွေဟာ ခြောက်ခြားသထက် ခြောက်ခြားလာရင်း ဒီတုန်လှုပ်မှုအတွက် သူတုန့်ပြန်နိုင်သမျှက မျက်ရည်တွေပဲ ဖြစ်နေခဲ့ပါတယ်။
YOU ARE READING
𝙏𝙝𝙚 𝙁𝙞𝙛𝙩𝙝 𝙎𝙪𝙢𝙢𝙚𝙧 𝙒𝙚 𝙈𝙚𝙚𝙩【ᴀ ɴᴄᴛ's ᴄʜᴇɴᴊɪ ғᴀɴғɪᴄᴛɪᴏɴ】
Fanfictionမင်းနဲ့ဆုံတဲ့ နွေရာသီတွေက အစစ်အမှန်လို့ ဆိုဖို့ရာ သိပ်ကိုရည်မွန်လွန်းနေတာပဲကွယ်။ ပြန်လှည့်ကြည့်တိုင်း နွေးထွေးနေမယ့်နွေ၊ နောင်တမရှိတဲ့နွေ၊ မကုန်လွန်ချင်တဲ့နွေ၊ စောင့်နေရတဲ့နွေ၊ မင်းနဲ့အတူရှိတဲ့နွေ၊ အစစ်အမှန်လို့ ဆိုဖို့ရာ သိပ်ကို ရည်မ...