ပဉ္စမမြောက်ပထမံအေးရိပ်နွေလောင်မြိုက်ခြင်းတွေကို
စမ်းချောင်းနံဘေးပြာချ၊
မွန်းကြပ်ခြင်းတွေကို
ရွက်ခြောက်တွေဆီ မြှုပ်နှံရင်း
အရွှင်တမြူး သည်းခြေဘဝင်နူး
အထူးပြုတဲ့ အေးရိပ်နွေဆိုတာ
မင်းအပြုံးနဲ့မှ လန်းပွင့်တာ။(၁)
တိတ်ဆိတ်ခြင်းရဲ့ အသံတွေ ဆူညံလာတဲ့ အခန်းထဲမှာ လေထုက စိမ်းသက်သက်နဲ့ ခါးသယောင်ပြုလာတာမို့ Chenle က အနေရခက်လာတယ်။ Chenle ရဲ့ အတိတ်မေ့သတင်းကိုကြားပြီးနောက် မိနစ်အနည်းငယ်ကနေ နာရီပြောင်းတဲ့အထိ ကြာတာတောင် တုန်လှုပ်ပြီး ဆွံ့အနေဆဲဖြစ်တဲ့ Chenle ရဲ့ မိဘတွေက အခန်းထဲမှာ အဖြစ်မှန်ကို လက်ခံဖို့အတွက် ကြိုးစားနေကြတုန်းပဲ။
ဖန်တွတဲ့ အငွေ့အသက်တွေ လွှမ်းလာတဲ့ ဆေးရုံခန်းလေးထဲက ဧည့်ခန်းကျဥ်းမှာရှိတဲ့ ခုံတန်းရှည်ပေါ်မှာ မားမာကျုံးနဲ့ပါးပါကျုံးက ခပ်မဆိတ်သာ။ အတိတ်မေ့သွားတဲ့ ရတနာလေးကို ဘာစကားတွေဆိုသင့်ပြီး ဘယ်လိုအပြုအမူတွေပြသင့်လဲ မသိတာမို့ မိဘတွေက အသိစိတ်နဲ့ သတိမကပ်ကြ။
Chenle က သက်ပြင်းချလိုက်၊ သက်မပင့်တင်လိုက်နဲ့ ဝင်သက်ထွက်သက်တွေတောင် ခက်လာရသလိုပဲ။ ခုတင်ခေါင်းရင်းမှာ ခေါင်းအုံးတွေစီထားတဲ့အပေါ် မှီရင်း လျောင်းတစ်ဝက်အနေအထားနဲ့ Chenle ကိုတစ်လှည့် ကျုံးမိဘတွေကိုတစ်လှည့် ကြည့်ရင်း Jisung လည်း သက်ပြင်းချမိတယ်။
သူ့ကောင်လေးက စိတ်ထားကောင်းတယ်။ သူ့ကြောင့်နဲ့ တစ်ပါးသူ စိတ်ခုရတာမျိုး မလိုလားတဲ့လူမို့ အမြဲလိုလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ သိုသိုသိပ်သိပ် နေတတ်ခဲ့တာ။ အခုကျပြန်တော့ အရင်နဲ့မတူ သိုသိပ်တတ်တဲ့ အမူအရာတွေ မရှိတော့ ပြန်ပါဘဲ မျက်နှာမှာ စကားလုံးတွေ ထင်းတတ်လာတယ်။
Jisung တို့ နှစ်ယောက်သားမှာ ပြောစရာစကားလည်း သိပ်မရှိ။ ရောက်တက်ရာရာ စကားစတွေကို Jisung ဆွဲထုတ်ပေမယ့် Chenle က ပါမလာပါ။ သူ့မိဘတွေရဲ့ ဆိတ်ငြိမ်မှုဆီမှာပဲ ကောင်ကလေးရဲ့ အာရုံတွေက ပျော်ဝင်နေတာလေ။ မှိုင်းနေတဲ့ မျက်နှာထားနဲ့ သက်ပြင်းချသံတွေကြား Jisung စိတ်တွေလည်း ပူလောင်လာရပါတယ်။
YOU ARE READING
𝙏𝙝𝙚 𝙁𝙞𝙛𝙩𝙝 𝙎𝙪𝙢𝙢𝙚𝙧 𝙒𝙚 𝙈𝙚𝙚𝙩【ᴀ ɴᴄᴛ's ᴄʜᴇɴᴊɪ ғᴀɴғɪᴄᴛɪᴏɴ】
Fanfictionမင်းနဲ့ဆုံတဲ့ နွေရာသီတွေက အစစ်အမှန်လို့ ဆိုဖို့ရာ သိပ်ကိုရည်မွန်လွန်းနေတာပဲကွယ်။ ပြန်လှည့်ကြည့်တိုင်း နွေးထွေးနေမယ့်နွေ၊ နောင်တမရှိတဲ့နွေ၊ မကုန်လွန်ချင်တဲ့နွေ၊ စောင့်နေရတဲ့နွေ၊ မင်းနဲ့အတူရှိတဲ့နွေ၊ အစစ်အမှန်လို့ ဆိုဖို့ရာ သိပ်ကို ရည်မ...