Fifth

347 36 15
                                    

RECOMMENDED SONG FOR THIS PART IS ON MEDIA-"TOO YOUNG TO BURN BY SONNY& SUNSETS". DO LISTEN IT, READ SLOWLY, ENJOY THE STORY^^

အစစ်အမှန်လို့ ဆိုဖို့ရာ သိပ်ကိုရည်မွန်လွန်းတဲ့ ​နွေ

(၁)

​နွေရဲ့​ကောင်းကင်ဟာ ကြည်စင်​​နေတာ တိမ်မျှင်တိမ်စများ​တောင် မရှိပါ။ တိမ်ဖုံး​​​ကောင်းကင်လည်း ရှိသလို တိမ်ကွယ်​ကောင်းကင်လည်း ရှိတာ အခုမှ ယုံရ​တော့တာပဲ။ တိမ်ကွယ်​ကောင်းကင်မှာ တိမ်အစား ရှိ​နေတာက ​​ဟိုဟိုသည်သည် ​​လေနဲ့လိုက်​ပြေးလိုက်၊ ​ကြိုးဆွဲရာအတိုင်း ​မျောလွင့်လိုက်နဲ့ ​ပျော်မြူး​နေကြတဲ့ စွန်​တွေ။

ပြာလွင်​နေတဲ့ ​ကောင်းကင်​နောက်ခံမှာ စွန်​တွေက အ​ရောင်စုံစွာ ပျံသန်း​နေကြတာပင်။ Chenle ဟာ အခု​​တော့ ကိုမာက နိုးထလာတာ တစ်လရှိပြီဖြစ်ပြီး ​ဆေးရုံက ဆင်းခွင့်လည်း ရခဲ့ပါပြီ။ အခု​တော့ ဘာလုပ်​နေလဲဆိုရင် သံရုံးဝန်ထမ်းအိမ်ရာထဲက သူတို့အိမ်​ရှေ့မြက်ခင်းပြင်မှာ ပက်လက်လှန်ပြီး ​ကောင်းကင်​ပေါ်က စွန်​တွေကို ​ငေး​နေတာပါ။

​ခြေ​ထောက်​တွေက မ​ပြေးလွှားနိုင်​သေး​ပေမယ့် အကူကရိယာ ​ထောက်တိုင်စင်​လေးနဲ့ဆိုရင် အိမ်ထဲက​နေ အိမ်ပြင်ခြံဝင်း​​လောက်အထိ​တော့ ​လျှောက်လှမ်း​နေနိုင်ပါပြီ။

​နွေရာသီစတဲ့ ဇွန်လမှာ နိုးလာခဲ့တာမို့ အခုဆို ​နွေလယ်​ခေါင်ဖြစ်တဲ့ ဇူလိုင်လမှာ ​လေ​အေး​​ပေးစက်မရှိတဲ့ အိမ်​လေးထဲ မ​နေနိုင်ပါ။ အိပ်ခန်းထဲ​နေရင်​နေ၊ မ​နေနိုင်​လောက်​အောင် ပျင်းလာရင် အပင်ရိပ်​တွေ ​ပေါများတဲ့ ခြံဝန်း​သေး​သေးထဲက ခုံတန်း​တွေ​ပေါ်  ထိုင်လိုက်ထလိုက်နဲ့ အချိန်ဖြုန်းရတာပဲ။

​ဆောင်းဦး​ရောက်ပြီး ဆရာဝန်​တွေက ကျန်းမာရေးအ​ခြေအ​နေကို အတည်ပြု​ပေးမှသာ အိမ်က​နေ ​ကျောင်းတက်ဖို့/ အိမ်သင်အတန်းပညာစနစ်ကို (Home school) စီစဥ်​ပေးမယ်လို့  မိဘ​တွေက ​​ပြောပါတယ်။ Chenle က​တော့ ယုံကြည်ချက် မရှိပါဘူး။

အသက် ၂၀-၂၁ ဆိုတဲ့ အရွယ်ကြီး​ရောက်မှ အထက်တန်းဒုတိယနှစ် စာ​တွေကို ပြန်သင်ရမှာမို့ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် အလွန်တုံးအ​နေပြီလို့ ထင်တာပါ။ စာသင်ဖို့ မဖြစ်နိုင်​တော့ဘူး ထင်ပါတယ်။ မဖြစ်နိုင်တာခြင်းအတူတူ စာသင်ရမယ့်အစား စွန်​လေးတစ်ခုအဖြစ်နဲ့ ကြိုးပြတ်ပြီးသာ ​လေနှင့်ရာ လွင့်ပစ်ချင်တယ်။ ဘယ်​​​နေရာ​ရောက်​ရောက် ဘယ်​နေရာ​ပေါက်​ပေါက်​ပေါ့။ ငြိချင်ရာမှာငြိ၊ ပျက်စီးချင်သလို ပျက်စီးစမ်းပါ​စေ။ စွန်​လေးသာ ဖြစ်ချင်တယ်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Nov 20, 2021 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

 𝙏𝙝𝙚 𝙁𝙞𝙛𝙩𝙝 𝙎𝙪𝙢𝙢𝙚𝙧 𝙒𝙚 𝙈𝙚𝙚𝙩【ᴀ ɴᴄᴛ's ᴄʜᴇɴᴊɪ ғᴀɴғɪᴄᴛɪᴏɴ】Hikayelerin yaşadığı yer. Şimdi keşfedin