နှလုံးသားတွေ နွေးထွေးနေရင်
ဒါဟာလည်း အိမ်(၁)
"အခုတလော ဘယ်လိုနေလဲ။"
Chenle အရှေ့မှာ ရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးဆရာဝန်ရဲ့ အမေးစကားပါ။ နှစ်နှစ်တောင် အိပ်ပျော်သွားပြီးတဲ့နောက် ပြန်ထူထောင်ရမှာက ကိုယ်ရော စိတ်ရောလေ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ဆရာဝန်တစ်ယောက်၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ဆရာဝန်တစ်ယောက်နဲ့ အခုတလော ဆရာဝန်နှစ်ယောက်ပေးတဲ့ လေ့ကျင့်ခန်းတွေကြားမှာ ပြန်လည်မထူထောင်နိုင်ဘဲ ဘဝကြီး စုန်းစုန်းမြုပ်ရပြီလို့ သူက ထင်နေမိတော့တာပဲ။
ကျောင်းသားတွေက အိမ်စာကို မုန်းသလို ကိုမာက နိုးလာတဲ့လူက လေ့ကျင့်ခန်းတွေကို မုန်းတာဆန်းသလား။
"ပြေပါတယ် ဆရာ။"
"ငါက ဘာလဲ။ ငါဆိုတာ ဘယ်အထဲမှာ ရှိနေတာလဲ။ ငါဆိုတာ ငါအစစ်ရော ဟုတ်ရဲ့လား။ ငါက ငါ့ကို ဘယ်လိုရှာရမှာလဲလို့ ပြီးခဲ့တဲ့ အပတ်က မေးတယ်နော်။ ဆရာက မဖြေခဲ့ဘူး။ ငါ့သားကို ကိုယ်တိုင်ရှာတွေ့စေချင်လို့လေ။ အခုရော တွေ့ပြီလား အဖြေကို။"
"မတွေ့ပါဘူးဆရာ။ ဒါပေမယ့် ကျွန်တော့်မှာ အဲ့မေးခွန်းတွေ မရှိတော့ဘူး။"
နောက်ထပ်စကားလုံးတွေ လည်ချောင်းထဲမှာ ဆန်တက်လာပေမယ့် ပြန်မျိုချလိုက်တယ်။ အခုတင် ပြောလိုက်တဲ့ စကားတွေက မဟုတ်သလိုပဲ။ မျက်စိတွေကို မှိတ်ပစ်လိုက်တယ်။ အမှောင်ဖုံးနေတဲ့ မြင်ကွင်းတွေကြားမှာ လေနုအေးကို ရှာတယ်။ အဆုတ်ထဲထိ ရောက်အောင် ရှူသွင်းလိုက်တယ်။
တစ်ခုခုကတော့ မှားနေတယ်။ ဘာက မှားမှန်းပဲ မသိသေးတာ။ ဘယ်ဘက်လက်မက လက်သည်းခွံလေးကို ညာဘက်လက်မက လက်သည်းခွံလေးနဲ့ ကုတ်ခြစ်မိပြန်တယ်။ ခြေချောင်းလေးတွေ အချင်းချင်းပွတ်သပ်တယ်။
VOCÊ ESTÁ LENDO
𝙏𝙝𝙚 𝙁𝙞𝙛𝙩𝙝 𝙎𝙪𝙢𝙢𝙚𝙧 𝙒𝙚 𝙈𝙚𝙚𝙩【ᴀ ɴᴄᴛ's ᴄʜᴇɴᴊɪ ғᴀɴғɪᴄᴛɪᴏɴ】
Fanficမင်းနဲ့ဆုံတဲ့ နွေရာသီတွေက အစစ်အမှန်လို့ ဆိုဖို့ရာ သိပ်ကိုရည်မွန်လွန်းနေတာပဲကွယ်။ ပြန်လှည့်ကြည့်တိုင်း နွေးထွေးနေမယ့်နွေ၊ နောင်တမရှိတဲ့နွေ၊ မကုန်လွန်ချင်တဲ့နွေ၊ စောင့်နေရတဲ့နွေ၊ မင်းနဲ့အတူရှိတဲ့နွေ၊ အစစ်အမှန်လို့ ဆိုဖို့ရာ သိပ်ကို ရည်မ...