"The God Chasing The Star!"
_____________________________
_____________________________
_____________________________စုန့်ဟွမ်ထျန်း တစ်ယောက် သူ့ဘဝမှာအလွန်လှပသည့်အိပ်မက်တစ်ခုရှိခဲ့ဖူးသည်။သို့သော် သာမန်ရွက်ကြမ်းရေကျိုသာရှိသည့်သူ့ရုပ်ရည်ကြောင့် ထိုအိပ်မက်ကိုစွန့်လွှတ်လိုက်ရသည်။သူ၏အိပ်မက်မှာတစ်ခြားမဟုတ် စင်မြင့်ပေါ်တွင်မြူးကြွသောသီချင်းများဖြင့် ကခုန်ပြနေချင်သည့် K-pop Idol တစ်ယောက်ဖြစ်ချင်တာပင်။
သီချင်းဆိုတာ ရုပ်ရည်ကြည့်တာမှမဟုတ်တာလို့ပြောပေမယ့် မင်းတို့လိုက်ကြည့်လိုက် ဘယ် Boy Group ကမချောတဲ့သူရှိသလဲလို့။ရုပ်ရည်ကြောင့်တတ်လာတာမဟုတ်ဘူးဆိုသည့် mamamoo ကမိန်းကလေးတွေတောင်သူ့ထက်အဆတစ်ရာလှနေကြသေးသည်။
နောက်ဆုံးတော့ သူ၏မဖြစ်နိုင်သောအိပ်မက်ကိုအပြီးတိုင်စွန့်လွှတ်၍ အိပ်မက်နှင့်နီးစပ်သော အလုပ်ကိုသူကြိုးစားသင်ယူတော့လေသည်။
ထိုအလုပ်မှာတခြားမဟုတ်။တောက်ပလင်းလတ်နေသောကြယ်ပွင့်လေးများကို လမ်းပြပျိုးထောင်ပေးရသည့် ဒါရိုက်တာ အလုပ်ပင်ဖြစ်သည်။တလတ်လတ်တောက်ပနေကြသောကြယ်ပွင့်လေးများကိုသူ၏ပညာနို့ရည်ဖြင့် တတ်နိုင်သလောက် သင်ပြလမ်းညွှန်ပေးခြင်းဖြင့် သူ့ဆန္ဒအိပ်မက်ကိုနှစ်သိမ့်ကျေနပ်စေလိုက်သည်။
သူဒါရိုက်အလုပ်တွင် လုပ်ငန်းအတွေ့အကြုံနှစ်၃၀ရှိသည့်အခါမှာတော့ သူတို့အနုပညာလောကတွင် သူဟာဘုရင်တစ်ပါးနှယ်ဖြစ်နေပြီဖြစ်သည်။သူရိုက်ပေးသောရုပ်ရှင်ဆိုလျှင် ထိုမင်းသား၊မင်းသမီး ဆု ရရှိနိုင်ချေပိုမြင့်နေပြီဖြစ်သည်။
သူစီစဥ်သော သီချင်းMV ဆိုလျှင် အရည်အသွေးနှင့်အပြင်အဆင်များကြောင့် ချီးကျူးခံရပြီးသားပင်။သူအနုပညာလောကမှအနားယူသည့်အခါတွင်သူ့အသက်၅၅နှစ်ရှိပြီဖြစ်ကာ အသက်၇၀တွင်လူကြီးရောဂါဖြင့်သူဆုံးပါးသွားလေသည်။
ဘဝတစ်လျှောက်လုံး သမာရိုးကျဆန်စွာနေလာသဖြင့် သူသေလျှင်အနည်းဆုံးငရဲပြည်တော့မရောက်ဘူးဆိုတာသိနေသောကြောင့် သူ့တွင်ကြောက်ရွံ့စိတ်တို့ရှိမနေပေ။

YOU ARE READING
The God Chasing The Star!
Romance"ကြယ်ကို ဖမ်းဆုပ်လိုသည့် နတ်ဘုရား" _________________________________________ #OwnCreation #Yaoi #Romance #Entertainment Industry #Shared Universed