Part.4(Unicode)

41 7 1
                                    

The God Chasing The Star!
____________________________
____________________________
____________________________

အဖြူရောင်ကိုနီညိုရောင်အုတ်ကြွတ်မိုးထားသည့်အတော်အတန်ကြီးသောဂိုထောင်သဖွယ်အိမ်ကြီးကိုကြည့်ပြီး စုန့်ဟွမ်ထျန်းတစ်ယောက်မျက်ခုံးအသာပင့်မိသွားသည်။

သူ၏ဆဋ္ဌမအာရုံကပြောနေသည်မှာထိုထဲတွင်သူထိတ်လန့်အံ့အားသင့်နိုင်သောအရာများရှိနေသည်ဟူ၍။

သူ့အဖေဆိုသော မစ္စတာစုန့်စစ်ခန်းသည် သူ့ဘက်သို့အပြုံးနုလေးဖြင့်တစ်ချက်လှည့်ကြည့်ပြီးကာမှ အ၀င်ပေါက်ရှိလက်ဗွေစနစ်တွင်လက်ကိုတင်လိုက်သည့်အခါ ကြီးမားကျယ်ပြန့်လှသည့်အညိုရောင် Garage Doorမှာတဖြည်းဖြည့်မတင်၍ပွင့်သွားသည်။

"လာ...အထဲကိုလိုက်ခဲ့..."

သူပုခုံးအသာတွန့်ပြလိုက်ရင်း ခြေလှမ်းများကိုထိုဂိုဒေါင်ထဲသို့ဦးတည်လိုက်တော့သည်။

"Juuliss[ဂျူးလစ်]မီးဖွင့်မယ်"

"ဟုတ်ကဲ့ပါသခင်"

သူ့ဖခင်ဖြစ်သူ၏အမိန့်ပေးသံနှင့်အတူ ပြန်ဖြေလာသောစက်ရုပ်သံတို့ကြောင်သူ့မှာခေတ္တမျှအံ့အာသင့်သွားရပါသော်လည်း ချက်ချင်းပင်ပြန်လည်တည်ငြိမ်သွားရသည်။

သူ့အနေနှင့်ဒီကမ္ဘာကြီးမှာအရင်ကမ္ဘာထက်အနည်းငယ်တိုးတတ်ပြီးများစွာလည်းထူးခြားကြောင်းကိုတီးမိခေါက်မိပြီးသားပင်။

၂၃၀၀၊၂၅၀၀ခုနှစ်ခေတ်စသည့် သိပ္ပံရုပ်ရှင်တွေထဲကလို လေပေါ်ပျံနေသည့်ဂြိုလ်တုတွေပေါသောနေသောကြယ်တာရာခေတ်ဘာညာအထိလည်းမရောက်သေးသလို...သူ့အရင်ကမ္ဘာ၏တိုးတတ်မှုထက်လည်းအနည်းငယ်ပိုသာပေသည်။

AIတွေကိုအမိန့်ပေးခိုင်းစေနိုင်လာပြီဆိုပေမယ့် Light Brainကဲ့သို့လိုရာသုံးနိုင်တဲ့အရာတွေတော့မပေါ်သေးပေ။

လူတိုင်းmobile phoneတွေသုံးနေဆဲဖြစ်ပြီးComputerတွေလည်းအသုံးတွင်ကျယ်နေဆဲပင်။

ဒီကမ္ဘာ၏ထူးခြားမှုတွေထဲကတစ်ခုမှာ ဤကမ္ဘာတွင်နိုင်ငံကြီး ၆နိုင်ငံရှိကာ စုစုပေါင်းမြို့ကြီး၃၀၊မြို့ငယ်၊ရွာငယ်အမြာက်အများရှိကြပြီး အထူးခြားဆုံးတစ်ခုမှာ တစ်ကမ္ဘာလုံးတူညီသောဘာသာစကားတစ်ခုတည်းအားမွေးကတည်းကသုံးနိုင်ကြခြင်းပင်။

The God Chasing The Star!Where stories live. Discover now