part 1

5.3K 175 8
                                    

Zawgyi#

2012 july 3

(☝🏻ရက်နဲ့ ပတ်သက်ပြီး ပြောစရာ ရှိပါတယ် ကိုယ်က julyဆိုတာ ကိုယ်တို့ နိုင်ငံရဲ့ ရာသီဥတု အတိုင်းဘဲ ရေးထားတာပါ china ရဲ့ ရာသီဥတု အတိုင်းရေးထားတာ မဟုတ်ပါ 🙏🏻🙏🏻)

"ရှောင်ကျန့် "

မနက်မိုးလင်းလင်းချင်း မျက်နှာကို မမြင်ရတာကြောင့် အော် ခေါ်နေမိသည် ဒီကောင်စုတ်လေး ဘယ်သွားပါလိမ့် နေ့တိုင်း ကျွန်တော် အိပ်ရာ ထတာနဲ့ ဘေးမှာ သဘတ်ကလေး ကိုင်ကာ စောင့်နေတတ်တဲ့ သူက အခုကျတော့ ဘာလို့ ရှိမနေရတာလဲ

"ရှောင်ကျန့် ရှောင်ကျန့် "

ဘယ်လောက်အော်ခေါ်ခေါ် ရောက်မလာပေ

"ကျစ်.... ဒီကောင်စုတ်လေး ဘယ်တွေ ရောက်သွားနေတာလဲ ကွာ "

စိတ် ညစ်ညစ်နဲ့ စုပ်တချက်သက် ပြီး ခုတင်ပေါ်က ဆင်းကာ အခန်း အပြင်ကို ထွက်လိုက်သည်

"ရှောင်ကျန့် ရှောင်ကျန့် ငါခေါ်နေတယ်လေ မင်းဘယ်သွားနေလဲ "

အပေါ်ထပ်ကနေ အောက်ထပ်ကိုဆင်းတဲ့ တလျောက်လုံး အော်ခေါ်ပင်မယ့် လုံးဝပြန်ထူးသံမကြား

"ကျစ် ဘယ်တွေသွားနေတာလဲကွာ "

"Morning သား နိုးနေပြီလား "

လှေကားနားမှာ မတ်တပ်ရပ် ခါးထောက်ထားတုန်း နောက်ဖက်အခန်းဆီက မားမား ရဲ့ အသံကြားတာကြောင့် နောက်ဘက်လှည့်လိုက်ပြီး

"မား ရှောင်ကျန့်ဘယ်မှာလဲ "

"ရွာပြန်ပို့လိုက်ပြီ ဒီနေ့ အာရှန်းပြန်လာမှာလေ သူ့ကို မြင်ရင် ဒေါသထွက်လိမ့် မယ် "

"မား (high note)ဘာလို့ ကျွန်တော့်ကို မပြောရတာလဲ သူကကျွန်တော့လူ ကျွန်တော့ပိုင်ဆိုင်မှု ကျွန်တော်နဲ့ သက်ဆိုင်တဲ့ သူ မားလုပ်ချင်တိုင်း လိုက်လို့ မရဘူး "

"သား မင်းဘယ်လို ပြောလိုက်တာလဲ "

"မားက တော်တော် မပါသင့်တာတွေကို ဝင်ပါနေတာဘဲ အားရှန်းဒေါသထွက်တာမထွက်တာကျွန်တော့ ကိစ္စ ကျွန်တော့ဘာသာ ကျွန်တော်ရှင်းမယ် မားဝင်ပါဖို့မလိုဘူး"

"သား "

"ဒီလို ဝင်ပါတာ နောက်ဆုံးအကြိမ် ဖြစ်ပါစေမား ကျွန်တော် မားနဲ့ ရန်မဖြစ်ချင်ဘူး "

ပြန်လည်ရှင်သန်ခြင်း(သို့မဟုတ်)ပြန်လည်သေဆုံးခြင်း (uni+zawgyi)Where stories live. Discover now