''ဇာတ်လိုက်မ လုပ်နေပြီး ဒီ လောက် ပျော့ညံ့ နေတာ ခံရတာ တောင် နည်းသေးတယ် ………ထွီ
သူ့အစား ငါဖြင့် စဉ်းတောင် မစဉ်းစားတတ်တော့ဘူး
ပြီး တော့ သာသာ ရှင့်ရဲ့ အ ရေး အသားတွေက စုတ်ချာ လာလိုက်တာ
တစ်ပိုင်းပြီး နောက်တစ်ပိုင်း တောင် မဖတ်ချင် လောက်အောင်ပဲ
ကောင်းကောင်း ရေးစမ်းပါ (ノಠ益ಠ)ノ''ဖုန်း မျက်နှာပြင် ပေါ်မှာ လက်ချောင်း လေးတွေ တ တောက်တောက် ပြေးလွှား အပြီးမှာတော့
သူ့ရဲ့ မန့်ရေးခြင်းပြီးဆုံးကြောင်း ခလုတ် နှိပ်လိုက်တယ်။
ဘေးနားမှာ (လမ်းထိပ်ဆိုင်က သံပုရာသီး ) အမည်နဲ့
ကွန်မန့် တစ်ကြောင်းက ချွင်ခနဲ
မြည်သံ လေးနဲ့ အတူ ဖုန်းမျက်နှာပြင်မှာ ပေါ် လာတယ်။သုသု ပြုံးလိုက်ပြီး
'' အား_____အခုမှပဲ နေရတာ ပေါ့သွားတော့တယ်''
လက်ထဲက ဖုန်းကို ခဏ ချပြီး ဆူ နေပြီ ဖြစ်တဲ့ ရေ နွေး အိုးကို ခလုတ်ဖြုတ်လိုက်တယ်။
ပန်းကန်ထဲကို ထည့်ဖို့ ခေါက်ဆွဲထုပ် မ ဖောက်ခင် ကြေမွ နေ အောင် ဖျစ်ညစ်လိုက်တယ်။
တကျွတ်ကျွတ် မြည်သံ နဲ့ ခေါက်ဆွဲ ခြောက်တွေ ကြေသွားတော့မှ
အိတ်ကို ဖောက်ပြီး ခေါက်ဆွဲခေါက် အ ကြေနဲ့အတူ အရသာ မှုန့်ထုပ်တွေပါ ဖောက်ချလိုက်တယ်။
ပြီးမှ ပန်းကန်ထဲကို ရေ နွေး တွေ လောင်းထည့်ပြီး ပန်းကန်ပြား အ သေးတစ်ချပ်နဲ့အုပ်လိုက်တယ် ။
ဇွန်းတစ် ချောင်းကို ပန်းကန်ပြားပေါ်ကို တင်ရင်း ဖုန်း ထားရာ စားပွဲဆီ ပြန်လျှောက်လာတယ်။
ပန်းကန်ကို ဘေးချရင်း
ဖုန်းကို ကောက်ကိုင်လိုက်တော့
သူ့ရဲ့ကွန်မန့် အောက်မှာ ပြန်စာလေးက ရောက်နေပြီ။(တောင်တန်းပေါ်က လေ ပြေညင်း): မန့် ရေး ပေးလို့ ကျေးဇူးပါနော် ဆက်ကြိုးစားပါ့မယ်( ◜‿◝ )♡
သုသု တစ် ယောက် နှစ်နှစ်ခြိုက်ခြိုက်ပြုံး လိုက်ရင်း
'' သာသာ က အရမ်း သ ဘောကောင်းတာပဲ ငါ့ကို စာတောင်ပြန်သေးတယ်
အမ လေး ____ ချစ်စရာလေး''
YOU ARE READING
အမုန်းဆုံး ဇာတ်ကောင် တို့ကို ကူညီခြင်း
Paranormal''ဘယ်သူမှ မ ကောင်းဘူး ဇာတ်လိုက် ဖြစ်နေပြီး ပျော့ညံ့လိုက်တာ'' ''အား............ဘယ်လိုတောင် မဆီလျော်တာလဲ ကြာပန်းဖြူ လုပ်နေတာ တော်ရုံပဲ ကောင်းတယ်နော်'' ''ဟွန့် ......... ဘယ်ဗီလိန်က နင့် လောက် တုံးအလိုလဲ ဗီလိန်တာဝန်ကို ကောင်းကောင်း ထမ်းစမ်းပါဟဲ့'' ''up...