ပြောင်းလဲ သွားတဲ့ ဇာတ်ကြောင်းနဲ့လိုက်လို့
ပြန်ပြောင်းနိုင်ဖို့ ချင်းချင်းတစ်ယောက် ပြင်ဆင်ရတော့တယ်။ပိုင်သျဲ ဘုရားကျောင်းက ပြန်လာအပြီးမှာတော့ သူ အကြံတစ်ခုရ လေတယ်။
အဲ့ဒီ အကြံအတိုင်း လိုက်လုပ်ဖို့ က တော့ မုရွှယ်နဲ့သာ မက နျဉ်ကျီနဲ့ပါ
ရင်းနှီး အောင် လုပ်ရတော့တယ်။အခုတော့ ချင်းချင်းခမျာမှာ
မုရွှယ်ရဲ့ အဆောင် နဲ့ နျဉ်ကျီရဲ့ အ ဆောင် ကို ဟိုကူးဒီကူး လုပ်ရရှာတယ်။
ပထမတော့ နျဉ်ကျီတစ်ယောက်
မုရွှယ်ရဲ့ အ ပေါင်းအပါဖြစ်သူ ချင်းချင်းကို
သိပ်မကြည်ပေမယ့်
ခဏ ခဏ လာတတ်တဲ့ ချင်းချင်းကြောင့် သူ့ ညီ မဆိုတဲ့ အသိတော့
ရှိလာပုံရတယ်။ရက်နည်းနည်းကြာလို့ အသွားအလာ
များလာတဲ့အခါ
ပိုပြီးသာ ရင်းနှီးလာတော့တယ်။
အခုလည်း ချင်းချင်းတစ်ယောက်
မုရွှယ်ရဲ့ အ ဆောင်မှာ ကြောင်ပြာလေ6း66နဲ့အတူ Missionလုပ်အပြီး
နောက် အဆောင်ကို သွားဖို့ပြင်ရပြန်တယ်။စာရေး စားပွဲမှာထိုင်နေတဲ့ မုရွှယ်ကို
ချင်းချင်း နှုတ်ဆက်ရင်း" ရှောင်ရွှယ် အစ်မ ပြန်တော့မယ်
အစ်မ ပြောတာ မှတ်ထားနော်
ကိုယ်ခန္ဓာ ကြံ့ခိုင်ဖို့လည်း
အ ရေးကြီးပေမယ့် ဉာဏ်စွမ်းနဲ့ပညာကလည်း လိုသေးတယ်
အခု အစ်မယူလာတဲ့ စာအုပ်တွေကို
လေ့လာထားလိုက်နော်
နောက်နေ့ကျ ဆရာနဲ့ပြန်လာစစ်မှာ
သိရဲ့လား"ချင်းချင်းရဲ့ စကား ဆုံးတော့
မုရွှယ် တစ်ယောက် နှုတ်ခမ်းလေးဆူကာ
ပြန်ပြောတယ်။"မမချင်းချင်း ဟို အကျင့်ပုတ်ကောင်ကို ပြန်ရိုက်နိုင်ဖို့
လေ့ကျင့်ရမှာပါဆို
ဒီ စာရင်းအင်းစာအုပ်တွေကို
ညီမ လေး လေ့လာဖို့ အချိန်မရှိပါဘူးဆို"တစ်နေ့ တခြား ပို ပွင့်လင်းပြီး
အ ကြောက်အလန့် ကင်းလာတဲ့
မုရွှယ်ကို ချင်းချင်း ကြည့်ရင်း
ပြုံးသာပြုံးမိတော့တယ်။"ဒီအစ်မက အဲ့ ချင်အကျင့်ပုတ်ကို
ပြန်အနိုင်ကျင့်ဖို့ နည်း ပြောပြမှာမို့
အခုအစ်မ ပြောပြတာကိုပဲ
သေချာလိုက်လုပ် ဟုတ်ပြီလား"
VOUS LISEZ
အမုန်းဆုံး ဇာတ်ကောင် တို့ကို ကူညီခြင်း
Fantastique''ဘယ်သူမှ မ ကောင်းဘူး ဇာတ်လိုက် ဖြစ်နေပြီး ပျော့ညံ့လိုက်တာ'' ''အား............ဘယ်လိုတောင် မဆီလျော်တာလဲ ကြာပန်းဖြူ လုပ်နေတာ တော်ရုံပဲ ကောင်းတယ်နော်'' ''ဟွန့် ......... ဘယ်ဗီလိန်က နင့် လောက် တုံးအလိုလဲ ဗီလိန်တာဝန်ကို ကောင်းကောင်း ထမ်းစမ်းပါဟဲ့'' ''up...