အပိုင်း[5] Arc-1 (ယွီချင်းချင်း)

155 31 3
                                    


ချင်းချင်းတစ်ယောက် ခပ်တည်တည်ပဲ
မီးဖိုဆောင်ထဲ ဝင်လိုက်တယ်။

သူ့ အလုပ်နဲ့သူ ရှုပ်နေကြတဲ့ အ စေခံ တွေ အားလုံး ဘယ်သူမှ သူ့ကို
အဖက်မလုပ်ကြ။

တကယ်ကိုပဲ ယွီချင်းချင်းရဲ့ ဖြစ်တည်မှုက ထူးခြားလှ ပေ တာပဲ။

ဟင်းပွဲ အမျိုး မျိုးကို စီမံ နေပုံရတဲ့
အကြီးအကဲ မိန်းမကြီးဆီ သူ လျှောက်သွားလိုက်တယ်။

'' ဒေါ်ဒေါ်  ဒုတိယ မမ လေးရဲ့ အစား အ သောက် တွေ က ရော ''

သူ ပြုံးပြုံး လေးပဲ မေးလိုက်တယ်။

ဘယ်လောက်ပဲ သူ အ ပြောဆိုးပါစေ
အစား အ သောက်  ရှေ့မှာ ဘယ်လိုပြုမူရမလဲ ဆိုတာတော့
သူ ကောင်းကောင်းသိတယ်လေ။

အကြီးအကဲ မိန်းမကြီးက တစ်ချက်ပဲ ကြည့်ပြီး အဆင့်နှစ်ဆင့်ပါတဲ့

အစား အ သောက် ထည့် တဲ့သစ်သား အုပ် ကို
လှမ်းပေးလိုက်တယ်။

ဗိုက် အ တော်ဆာ နေပြီမို့ ဘာမှ
အ ထွေ အထူး မ ပြော တော့ပဲ
ယူလာလိုက်တော့တယ်။

ဒီ ယွီ အိမ်တော်က တော့ တစ်ခုခုပဲ။

သူ့အိမ်က အ စေခံ ဟုတ်မှန်း မဟုတ်မှန်းတောင် သိပုံ မရဘူး။

ရင် လေးစရာပဲ သူများ ဝင်လုပ်ကြံ တောင် သူတို့သိပါ့မလား တကယ်ပါပဲ။

ချင်းချင်း သူ့ မျက်နှာလေးသူ ပြန်စမ်းရင်း

'' ဒါမှ မဟုတ် ငါမျက်နှာကပဲ တခြားလူတွေနဲ့ တူ လွန်းတာလား''

ချင်းချင်း ခေါင်းခါရင်း
သူ့ပြဿနာ သူပဲ အရင် ဖြေရှင်းဖို့
ဆုံးဖြတ်လိုက်တယ်။

ပြဿနာ က တော့ သူ ဘယ်နား သွားစားရမှန်း မသိတာပဲ ။

တောအုပ်ကြီးနဲ့ တူတဲ့ သူ့အိမ်လည်း
ပြန်သွားလို့က မရ သေး။

မ တော် ဟို အစိမ်းကောင်က ကိုက်လိုက် မှဖြင့်
ဗိုက် ဟောင်းလောင်းနဲ့ သေတဲ့
အစိမ်းသရဲ ဖြစ် သွားမှာ စိုးရတယ်။

ချင်းချင်း အစားအစာ ထည့်လာတဲ့ အုပ်ကို
ဆွဲလာရင်း
နောက်ဆုံး တော့ နေရာ ရှာတွေ့သွားတော့တယ်။

အမုန်းဆုံး ဇာတ်ကောင် တို့ကို ကူညီခြင်းWhere stories live. Discover now