4

2K 240 2
                                    

Yoongiအလုပ်ကပြန်လာတော့မိုးနည်းနည်းကျနေသည်။တဖွဲဖွဲလေးဖြစ်နေသည်။နာက်တော့ရွာချတော့သည်။Yoongiလည်းစိုရွှဲသွားတာကြောင့်စိတ်ပျက်စွာ....အိမ်ကိုပြေးရတော့သည်။အိမ်ကနီးနီးလေးကျန်မှ.....လူကရွှဲသွားတော့စိတ်လည်းညစ်သွားသည်။

"ဟာ.....Hyung...အိမ်တောင်ပြန်ရောက်နေပြီလား"

Jkကထီးလေးသူ့ပေါ်မိုးပေးကာရောက်လာသည်။ဒီကောင်လေးဘယ်ကရောက်လာလဲမသိ....အနောက်ကနေထီးနဲ့လာမိုးပေးတာDramaထဲကလို.....

"မင်းကဘယ်လိုရောက်လာတာလဲ"

"Hyungအလုပ်ကပြန်သွားရင်း.....ထီးမပါသွားတာတွေ့လို့.....နေမကောင်းဖြစ်မှာစိုးလို့စိတ်ပူပြီးလိုက်လာတာ"

Jkပြောရင်း....Yoongiရဲ့စိုရွှဲနေတဲ့ဆံသားတို့ကိုလက်နဲ့ခါထုတ်ပေးသည်။ဒီကောင်လေးကတကယ်ကိုအချစ်ရေးမှာကျွမ်းကျင်တာပဲ....

"မင်းရှေ့မှာရည်းစားဘယ်နှစ်ယောက်ရှိလဲ"

"ဟမ်...မရှိဘူးပြောရင်းယုံမှာလား"

Jkကယုန်သွားလေးတွေပေါ်သည်ထိပြုံးရင်းပြောတော့Yoongiလည်းခေါင်းခါပြလိုက်သည်။

"အဲ့တာဆိုရှိတယ်ပေါ့"

"Hyungကအချစ်ဦး"

Jkကပြောရင်းသူ့နဖူးကိုနမ်းလိုက်သည်။သူလဲရုတ်တရက်မို့ကြောင်အသွားကာ....နောက်ကိုဆုတ်လိုက်သည်။အဲ့တော့JkကYoongiလက်ကိုဆောင့်ဆွဲလိုက်သည်။

"မိုးရွာနေတယ်.....မိုးရေတွေစိုကုန်မယ်"

Jkပြောရင်းသူ့ကိုပခုံးကဖက်ကာ.....အိမ်ထိလမ်းလျှောက်လာသည်။

"Hyung...ကျနော့်ကိုအိမ်ထဲမခေါ်တော့ဘူးလား"

"ဝင်လာလေ"

Yongiပြုံးတုံးတုံးလေးပြုမူရင်းJkကိုခေါ်လိုက်သည်။Jkကထီးကိုအိမ်ပေါက်ဝမှာထားခဲ့ကာ....အိမ်ထဲဝင်လိုက်သည်။အိမ်ထဲရောက်တော့ချမ်းစိမ့်စိမ့်.....ချမ်းမှာပေါ့...အိမ်လေးကခြောက်ကပ်နေတာပဲ....Hyungတစ်ယောက်ထဲဘယ်လောက်တောင်အထီးကျန်နေလိုက်မလဲ......ငါဒီညနေပေးချင်လိုက်တာ

Jkအတွေးနဲ့အတူ.....အိမ်ထဲဝင်လာလိုက်သည်။Hyungကရေစိုနေတာမို့အကျီသွားလဲတယ်။သူလည်းအပေါ်ကဂျာကင်ကိုချွတ်လိုက်ကာ.....ဆိုဖာမှာထိုင်စောင့်နေလိုက်သည်။

မောင်တို့ယောက်ကျားတွေ.....ခပ်ဆိုးဆိုး(complete)Where stories live. Discover now