Jiminသူ့ရှေ့ကသူ့ကိုအံသြစွာကြည့်နေတဲ့ကလေးငယ်အားအသည်းတယားယားငေးနေမိသည်။သူမရှိတဲ့အချိန်တွင်းမှာဘာတွေစားလို့ပိုချစ်စရာကောင်းလာလဲမသိ......ဒါပေမယ့်စိတ်တိုမိသည်။နောက်ရည်းစားရနေပြီလေ......
"မောင်!!"
သူ့ကိုအရင်ကလိုအခေါ်အဝေါ်မပြတ်သေးပဲကိုး.....
Jiminသူ့ကိုခေါ်တာကြောင့်ပြုံးပြရင်း
"ဟုတ်တယ်.....မှတ်မိလို့တော်သေးတာပေါ့"
"Hyung......မောင်ရှောင်ပေးရမလား.....စကားအေးဆေးပြောလေ"
Jkကစကားဟလာတော့JiminကYoongiကိုစိုက်ကြည့်လိုက်သည်။ဒီမျက်လုံးတွေကိုYoongiကောင်းကောင်းဖတ်နိုင်သည်။မောင်လို့ခေါ်တဲ့နာမ်စားလေးတူနေလို့ပါ့....
"ရပါတယ်မောင်....မရှောင်ပါနဲ့သုံးယောက်အတူစကားပြောရအောင်"
Yoongiပြောတော့နှစ်ယောက်လုံးလက်ခံကြသည်။
ဧည့်ခန်းထဲမှာအတူထိုင်ရင်းစကားပြောနေကြသည်။
"ဧည့်သည်ကိုကော်ဖီတိုက်လိုက်ဦးမောင်"
Yoongiကသက်သက်ရွဲ့နေသလို....Jiminစိတ်ထဲအဖုအထစ်ကြီးခံနေတယ်။
"မောင်ကဧည့်သည်လားကွာ"
"မောင်ဘဝထဲရောက်လာထဲကဧည့်သည်ပါပဲ....."
Yoongiဟန်ဆောင်အပြုံးလေးနဲ့ဖြေတော့မောင်ကခေါင်းငြိမ့်ပြကာ.....
"မောင်နားလည်ပါတယ်....မောင်အခုYoongiကိုသိပ်ချစ်တာသိပါပြီ....ဘယ်လိုနည်းနဲ့မှလက်လွှတ်မခံနိုင်ဘူး....ဘယ်သူ့လက်ထဲမှလဲအပါမခံနိုင်ဘူး"
Jiminစကားပြောင့်ပေါ်ဖီခွက်ကိုင်ပြီးပြန်လာတဲ့Jkကခနဲ့ပြုံးပြုံးကာ...
"ဟက်....အိမ်ထိလာပြီးစစ်ကြေညာနေတာလား"
Jiminလည်းခပ်ရွဲ့ရွဲ့ပြုမူရင်း
"ဒါပေါ့.."
Jiminစကားနောက်ဒေါသထွက်သွားတဲ့Jkကအကျီစကိုဆုပ်ကိုင်ရင်းရန်စတော့သည်။Jiminကလည်းမခံချင်လောက်အောင်ဒေါသထွက်သွားကာ....ပြန်ပြီးထိုးတော့သည်။ဧည့်ခန်းထဲရန်အသေအလဲဖြစ်နေတဲ့နှစ်ယောက်ကိုကြည့်ရင်းYoongiငိုချင်လာသည်။သူကစတဲ့ပြဿနာတွေမို့.....
BẠN ĐANG ĐỌC
မောင်တို့ယောက်ကျားတွေ.....ခပ်ဆိုးဆိုး(complete)
Lãng mạnYoongiကသူ့EX Jiminရဲ့သစ္စာမရှိမှုကြောင့်အဆက်အသွယ်ဖြတ်ပြီးJkနဲ့ထပ်တွဲရာမှ.....အဆင်ပြေနေပြီးမှ....Jiminကပြန်ရောက်လာသောအခါ