"အာ.....အကိုဘာစားမလဲ"
Yoongiလည်းသူ့ကိုမေးနေတဲ့Jkကြောင့်ခေါင်းလေးငြိမ့်ကာMenuစာရွက်ကိုလှန်လှောနေသည်။
"အာ.....ဘာမှမစားတော့ဘူး....လိမ္မော်ရည်ပဲပေးပါ"
Yoongiလည်းပြောပြီးတာနဲ့ငြိမ်နေလိုက်သည်။Jkကလည်းသူ့အတိုင်းပင်လိမ္မော်ရည်မှာလိုက်သည်။
"မင်းခုနဗိုက်ဆာတယ်ဆို....ဒါပဲသောက်လို့အဆင်ပြေပါ့မလား"
Jkကတစ်ချက်ရယ်ကာ....
"ခုနကHyungဘာစားရမှန်းမသိတာမလား"
"အင်း"
"အဲ့တော့လိမ္မော်ရည်မှာလိုက်တယ်။တကယ်လို့ကျနော်ကစားစရာတွေမှာရင်....Hyungအဲ့ကျရင်ဗိုက်ဆာလာလိမ့်မယ်။အဲ့တော့ကျနော့်ကိုအားနာလို့ထပ်မမှာတော့ဘူး....အဲ့တာဆိုဗိုက်ဆာနေလိုက်မယ်....ကျနော်ကအဆင်ပြေပါတယ်....နောက်ကျစားလို့ရတယ်"
Jkစကားကြောင့်Yoongiလည်းခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ကာပြုံးမိသည်။Jkကသူထင်တာထက်အလိုက်သိတယ်။ဒါမျိုးကသူ့ကိုပျော်ရွှင်စေတယ်။
"ဒါနဲ့Hyungမှာရည်းစားရှိလား"
Jkအအေးသောက်ရင်းမေးလာသည်။Yoongiလည်းထိုအမေးကြောင်းခေါင်းခါကာ...
"မရှိတော့ပါဘူး"
"ဟမ်...သေသွားတာလား"
"အာမဟုတ်ပါဘူးမင်းကလည်း.....ပြတ်သွားတာ....3လေးလလောက်ရှိပြီ"
Jkလည်းပြုံးကာ....
"အဲ့တာဆိုအခုမရှိဘူးပေါ့"
"အင်း...အဲ့လိုပဲပေါ့"
Yoongiပြောရင်းသူ့ကိုမကြည့်တော့ပဲခေါင်းငုံ့ကာပိုက်နဲ့အအေးခွက်ကိုမွှေနေမိသည်။Jkကချက်ချင်းသတိထားမိလိုက်သည်။
"သူ့ကိုမမေ့နိုင်သေးတာလား"
Yoongiလည်းအကဲခတ်တော်လွန်းတဲ့Jkကိုကြည့်ကာပြုံးရင်း
"အင်း....မင်းကထင်တာထက်တော်တာပဲ"
"သူ့ကိုမေ့ချင်လား"
Jkကူညီပေးဖို့လမ်းဖွင့်ပေးမိသည်။ဒါဟာYoongiလိုချင်နေတဲ့ကိစ္စပဲလေ...သူမောင့်ကိုမေ့ချင်တယ်။
ESTÁS LEYENDO
မောင်တို့ယောက်ကျားတွေ.....ခပ်ဆိုးဆိုး(complete)
RomanceYoongiကသူ့EX Jiminရဲ့သစ္စာမရှိမှုကြောင့်အဆက်အသွယ်ဖြတ်ပြီးJkနဲ့ထပ်တွဲရာမှ.....အဆင်ပြေနေပြီးမှ....Jiminကပြန်ရောက်လာသောအခါ