Unicode ☁︎
ဆိုးလ်မြို့လမ်းမကြီးဘေးတွင် တည်ရှိသော
Irreplaceable ကော်ဖီဆိုင်လေးအတွင်း၌
ငြိမ့်ငြိမ့်ငြောင်းငြောင်းသီချင်းလေး ဖွင့်ထားလျက် အေးချမ်းလှသည်...!ကလင်!
"ကြိုဆိုပါတယ်"
"မောင်..."
ကောင်တာမှာထိုင်နေရင်း ၀င်လာတဲ့သူရဲ့ရင်ခွင်ဆီ
အပြေးလေးခို၀င်မိလိုက်သည်။"မောင့်သက်လှယ်လေး ပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူးမောင်ရဲ့"
"ဟုတ်လို့လားကွာ ဒီမှာကြည့်ပါဦး နှဖူးမှာချွေးတွေတောင်ထွက်နေတာကို"
ဂျီမင့် နှဖူးထိပ်လေးမှချွေးစလေးတွေကို လက်ကလေးနဲ့အသာလေး သုတ်ပေးပြီး
နားထင်နားကဆံစလေးတွေကို နားအနောက်ထဲညှပ်ပေးကာ
ပါးပြင်လေးအား အသာအယာနမ်းရှိုက်လိုက်သည်။"ခုနက လူအရမ်းကျသွားလို့ပါ မောင်ရဲ့"
"ဟုတ်ပါပြီ မောင့်ကိုလဲအမောပြေအားဆေးလေး ပေးပါဦး"
*ပြွတ်စ်*
"လာ မောင်
ဒီနေ့သက်လှယ်မီနူး အသစ်လေးလုပ်ထားတယ်""ဟုတ်လား ဒါဆိုထိုင်နေကျ၀ိုင်းမှာ စောင့်နေမယ်နော်"
"ဟုတ်ကဲ့ မောင်"
ကောင်တာအနောက်ဘက်သို့ အပြေးလေး၀င်သွားသော
ကောင်ငယ်လေးအားကြည့်ရင်း တချက်ပြုံးလိုက်မိသည်ဒီဆိုင်ကိုစရောက်ထဲက ထိုင်နေကျ၀ိုင်းလေးကို
သွားထိုင်လိုက်ပြီး ကော်ဖီဖျော်နေသော ကောင်လေးကိုကြည့်ရင်း အတွေးတို့ကိုနယ်ချဲ့မိလိုက်သည်...
.
.
.
ဒီနေ့မနက် ဖေဖေ့ company မှာ အလုပ်သင်အဖြစ်
၀င်လုပ်ရမည့်ပထမဆုံးရက်...company ဥက္ကဌရဲ့ သားဖြစ်နေပါသော်လဲ
ဖေဖေကရော ကျွန်တော်ကိုယ်တိုင်ကိုက ရာထူးကြီးကြီးကိုမယူပဲ အောက်ခြေကနေစပြီး အလုပ်လုပ်ဖို့သာဆုံးဖြတ်လိုက်သည်
ဘယ်အရာမဆို အခြေခိုင်မှဖြစ်တာမလား...company နားက ကားဂိတ်ရောက်တော့
မှတ်တိုင်မှာဆင်းပြီး ရှေ့ဆက်လမ်းလျှောက်သွားလိုက်သည်
လမ်းလျှောက်နေရင်း နှာခေါင်းထဲသို့တိုး၀င်လာသော
ကော်ဖီရနံ့သင်းသင်းလေး...