𝐃𝐚𝐝𝐝𝐲'𝐬 𝐁𝐚𝐛𝐲

186 29 2
                                    

Unicode

ဘူဆန်မှာ အလုပ်ကိစ္စအစည်းအဝေးတက်ပြီး အပြန်လမ်း၌,

*ဒုန်း*

ယွန်းဂီ မှေးနေရာမှလန့်နိုးသွားသည်

"ဦးလေး ဘာဖြစ်တာလဲဟင်"

ဒရိုင်ဘာဦးလေးအားမေးတော့

"တခုခုနဲ့၀င်တိုက်မိတာပါသခင်လေး
လူတော့မဟုတ်ပါဘူး"

"ဟုတ်လား တော်သေးတာပေါ့
ဒါဆိုတချက်ဆင်းကြည့်လိုက်ပါဦး"

"ဟုတ်ကဲ့"

"သခင်လေး ခဏလောက်ဆင်းကြည့်ပေးပါလား"

ဆင်းသွားကြည့်လိုက်တော့ သေတ္တာအ၀ါလေးတလုံး...
ဒရိုင်ဘာဦးလေးကြီးက သွားဖွင့်ကြည့်လိုက်တော့
အနှီးထုပ်လေးနဲ့ ကလေးလေးတယောက်

ဒီသေးသေးလေးကို ဒီလိုလမ်းမှာထားခဲ့ရက်ကြတယ်
ကလေးလေးကိုကြည့်လိုက်တော့ ပါးဖောင်းဖောင်းလေးနဲ့
တော်တော်လေးချစ်ဖို့ကောင်းသည်
ကျွန်တော်က ကလေးမချစ်တတ်ဘူး ဘာလို့ဆို စိတ်မရှည်လို့
ဒါပေမဲ့ ဒီကလေးကျတော့တမျိုးလေးပဲ
သေတ္တာထဲကအနှီးထုပ်လေးကိုပွေ့လိုက်တော့ 'အဲ' ဆိုတဲ့
အသံလေးထွက်လာသည်
ကြည့်ရတာတော့ ၆ လသားအရွယ်လောက်တော့ရှိမည်

မျက်လုံးလေးပွင့်လာပြီး ကျွန်တော့အားလက်ကလေးဆန့်ကာ
ရယ်ပြနေသည် အောက်သွားလေးနှစ်ချောင်းနဲ့ သိပ်ပြီးချစ်စရာကောင်းတယ်

"ဟီး ခ်ခ်"

ကျွန်တော်ဒီကလေးကိုကြည့်ပြီးပြုံးလိုက်မိသည်

"သခင်လေး ဒါလေးကိုဘယ်လိုလုပ်ကြမလဲ"

"အိမ်ခေါ်သွားရအောင်ဦးလေး"

"ဗျာ"

အိမ်က မေမေနဲ့ဖေဖေက မိန်းမအတင်းပေးစားနေတယ်
ကျွန်တော့်အသက်ကလေး ခုမှ23လေးရှိသေးတာကို
စောစောစီးစီးမိန်းမပေးစားချင်တာကတော့ မြေးချီချင်လို့တဲ့လေ
တကယ်ပါပဲ သူတို့မြေးချီချင်တာနဲ့ပဲ ကိုယ့်ကိုမိန်းမအတင်းပေးစားနေတာ ခုတော့အတော်ဖြစ်သွားပြီ
ဒီကလေးကို မွေးစားဖို့ခေါ်သွားတော့မည်
မေမေတို့ကလဲချစ်ကြမှာပါ ဒီကလေးကြည့်ရတာတော့
သန့်သန့်ပြန့်ပြန့်လေးပါ ဒီလိုချစ်စရာကလေးကို အဘယ်ကြောင့်များ လာပစ်ရက်ကြသနည်း။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 11, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

☂ 𝚂𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚒𝚎𝚜 ☂Tempat cerita menjadi hidup. Temukan sekarang