❤ My little ko ko ❤ Part 9

4.6K 222 0
                                    

💫 Unicode version 💫

ဒီနေ့ ခွင့်ယူထားတာပြည့်ပြီမို့ အလုပ်သို့ အစောထွက်လာခဲ့သည်။ သူက မလုပ်ခိုင်းတော့ ပေမယ့်လဲ မိမိကိုယ်ပိုင်ဝင်ငွေနဲ့သာ ကျောင်းတက်လိုသည်။ တော်ကြာ စပွန်စာရှာပြီး ကျောင်းတက်တယ် အပြောမခံနိုင်ပေ.. ပြီးတော့ ချစ်သူကချစ်သူပဲ ကိုယ့်ဝင်ငွေကိုယ်သုံးတော့ မျက်နှာအောက်မကျဘူးပေါ့ သူ့လောက်မရှာနိုင်ပေမယ့်လဲ.....

" ဟယ်...ခန့်လေး အစောကြီးပါလား"

" ဟီး... ဟုတ်တယ် အမရေ ခွင့်ရှည်လဲ ယူထားမိတယ်လေ "

" ဟုတ်ပြီ...ကြိုးစား 5ting "

ပြောပြီး မိမိလဲ ပစ္စည်းတွေကို နေရာချနေလိုက်သည်။
မိမိမှာ အလုပ်လဲကြိုးစား ပျက်ရက်မရှိသောကြောင့် သူဌေးမှ နားလည်မှုဖြင့် ခွင့်ရှည်ပေးခြင်းပင်...မဟုတ်လျှင် ခုချိန် အလုပ်လက်မဲ့နေလောက်ပြီ...

ဘာလိိုလိုနဲ့ နေ့လည်စာအချိန်သို့ပင် ရောက်လာခဲ့ပြီ..

" ခန့်လေး...နေ့လည်စာ သွားစားလေ အမ ကြည့်ပေးထားမယ်.. "

" ရတယ်..မဟန်သီ ကျတော် ဗိုက်မဆာသေးဘူး "

" ကိုခန့်...ထမင်းချိုင့် မပါဘူးမလား နိုးနိုးတို့နဲ့ လာစားလေ "

" အာ...ရတယ် တကယ်ဗိုက်မဆာသေးလို့ပါ ဆာမှ ကော်ဖီမှာသောက်တော့မယ် "

ပြုံးကာ ပြန်ပြောလိုက်သည်။ ဝယ်သူလာတာနဲ့ စကားလဲ မဆက်ဖြစ်တော့ပေ...

" ဒါမျိုး size 8 ရှိလား "

" ရှင်...ဟုတ်ကဲ့ တစ်ချက်ကြည့်ပေးမယ်နော် "

" နိုးနိုးရေ.. "

ခန့်လဲ အားနေတာနဲ့

" ကျတော်ရှာခဲ့ပေးမယ် အမရေ "

ပြောပြီးနောက်ဖက် ဂိုထောင်မှာ ရှာပြီး ယူလာခဲ့လေသည်။

" အမ ဒီတစ်ရံပဲရှိတော့တယ်.."

" ဒါဆို ဟိုအန်တီကို တစ်ချက်ပြပေးနော် မဟန်သီက toilet ခနသွားတော့ ကောင်တာ ခနထိုင်ပေးနေလို့ အမက "

ရတယ် ပြောပြီး ဖိနပ်တန်းဘက်ဝင်လိုက်တယ်ဆို

" ဟင်.... "

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now