❤ My Little Ko Ko ❤ Part 19

2.9K 109 0
                                    

💫 Unicode version 💫

.......... flash back end .............

" ဒါဆို.....မင်း နှစ်ပတ်ကျော်ပျောက်သွားတာ အဲ့တာကြောင့်လား "

ခန့်လဲ ခေါင်းသာငြိမ့်ပြလိုက်သည်။

" မင်း....."

ဟန်ငြိမ်းလဲ စကားတွေဆွံအကာ မျက်ရည်တွေသာကျလာတော့သည်။

" နောက်တော့ အန်တီလေးက သူမိန်းကလေးကိစ္စတွေရှုပ်လာတဲ့အတွက် နိုင်ငံခြားကိုပို့လိုက်တာပဲ.... ငါလဲ အဲ့နောက် အရာအားလုံးမေ့ကာ အစကနေပြန်စခဲ့တာပဲ ခု....ခုတော့ "

ပြောပြီးထပ်ငိုလာသဖြင့် ဟန်ငြိမ်းလဲ ဖက်ကာနှစ်သိမ့်ပေးလိုက်သည်။

' ခန့်ရယ်.....မင်းအဲ့အချိန်တုန်းက ဘယ်လောက်တောင် ခံစားခဲ့ရမလဲကွာ ငါမသိခဲ့တာ ငါမင်းသူငယ်ချင်းတစ်ယောက်ဖြစ်ပြီး ဒါလေးတောင် မိသိခဲ့တာ ငါအသုံးမကျတာ ငါမင်းကို မကာကွယ်နိုင်ခဲ့ဘူးကွာ '

ဟန်ငြိမ်းလဲ မျက်ရည်တွေကျခဲ့ရတယ်.... အပြုံးလေးနဲ့ဟန်ဆောင်ကောင်ခဲ့တဲ့ ခန့်ကိုပဲ စိတ်တိုရမလား ဒါမှမဟုတ် ခန့်ဘေးနားရှိနေခဲ့ပြီး ဘာမှမသိခဲ့တဲ့ ကိုယ့်ကိုယ် စိတ်တိုရမလား ဟိုခွေးကိုပဲ သတ်ပစ်လိုက်ရမလား ပဲ.....

ရှင်းသန့်....သူကရော...ဒီအကြောင်းတွေ သိခဲ့ရင် ခန့်ကိုအရင်လို ချစ်နိုင်ပါ့မလား......

" ဟန်ငြိမ်း...... သူသိသွားရင်.... ငါ့ကိုမုန်းသွားမှာ "

မျက်ရည်တွေနဲ့ ပြောလာတဲ့ ခန့်မျက်နှာလေးကို မျက်ရည်တွေလှမ်းသုတ်ပေးပြီး

" သူ့ကို နားလည်အောင်တော့ပြောပြရမှာပေါ့... မင်းကိုအရမ်းချစ်တဲ့အတွက် သူနားလည်ပေးနိုင်မှာပါ ပြီးတော့ မင်းဘက်ကစခဲ့တာမှမဟုတ်တာ "

" ငါ....သူ့ကိုပြောဖို့ မရဲဘူး..... "

ရှင်းသန့်ကို မပြောလို့တော့မရပေ.....နောင်တစ်ချိန်မှ သူသိခဲ့ရင် သူခွင့်လွတ်မပေးနိုင်လောက်ဘူး မပြောဘဲနေသွားရင်လဲ ရှင်းသန့်အပေါ် မတရားရာကျသလို ခန့်လဲ လိပ်ပြာမလုံစွာ နေရလိမ့်မယ်.....

ဟန်ငြိမ်းလဲ သက်ပျင်းချပြီး

" ခုမပြောရဲသေးရင် မပြောနဲ့အုံးလေ အခြေအနေတည်မှ မင်းပြောပေါ့ ပြောတော့ပြောပြရမယ်နော် "

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now