💫 Unicode version 💫
ဘယ်လောက်တောင်အိပ်ပျော်သွားလဲ မသိဘူး... ခေါင်တွေအရမ်းကိုက်နေလို့ ဖြည်းဖြည်းလေးထထိုင်ပြီး အိပ်ရာဘေးစာပွဲပေါ်မှ နာရီကိုလှမ်းကြည့်တော့ 11 တောင်ခွဲနေပြီ
' ဟယ်... ငါတော်တော် အိပ်ပျော်သွားတာပဲ မောင်ကလဲ မနိုးဘူးတော့ '
တစ်ယောက်ထဲ ရေရွတ်ပြီး ထဖို့ပြင်တော့ အခန်းတံခါးပွင့်လာကာ ဝင်လာသူကတော့ မောင်ပင်
" ကိုကို...နိုးပြီလား ဖြည်းဖြည်း "
ပြောလဲပြော မိမိအနာကို ခြေလှမ်းကျဲတွေနဲ့ ရောက်လာလေသည်။
မနက်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမို့ မနှိုးခဲ့ခြင်းပင်... 10 နာရီ meeting ရှိနေတာနဲ့ company ခနသွားခြင်းပင်
ပြီးတာနဲ့ ထူးမြတ်ကိုမှာစရာရှိတာမှာကာ အိမ်ကိုပြန်လာခြင်းပင်....
" ကိုကို မူးနေသေးလားဟင်... ဘယ်လိုနေသေးလဲ ကိုယ်နွေးနေသေးလားဟင် "
သူရဲ့ဂရုတစိုက်အမေးတွေကြောင့် စိတ်ထဲကြည်နူးသွားကာ
" ငါဘာမှမဖြစ်တော့ပါဘူး မောင်ရယ်.... ဖယ် ရေချိုးတော့မယ်..."
ပြောပြီး ဗိုက်လေးပွတ်ပြတော့
" ဗိုက်ဆာနေပြီလား ကိုကို "
ခေါင်းလေးပြန်ငြိမ့်ပြတော့ ရေချိုးခန်းကို ချီပြီးလိုက်ပို့ပေလေသည်။
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
ဒီနေ့ Shopping ထွက်ချင်တာနဲ့ မောင်ကိုလိုက်ပို့ခိုင်းခဲ့ခြင်းပင်....
" ဟာ.....ကိုခန့်..... "
ဆိုပြီး ခွန်းမာန်မှာ ပြေးလာဖက်လေသည်။ မိမိလဲ ပြန်ဖက်ကာ နှစ်ယောက်သား...
" မာန်....စင်ကာပူမှာပျော်ခဲ့လားဟင်...."
" ပျော်ခဲ့တယ်...ဘူး..."
" ဟင်...ဘယ်လိုကြီးလဲ "
" ကိုခန့်တို့မပါတော့ အများကြီးမပျော်ရဘူး အဲ့တာကိုပြောခြင်တာ "
" ဟုလား....ဒါဆိုနောက်တခါအတူတူ သွားကြမယ်နော် "
" Omm "