Uniကျွန်တော် ခုရောက်နေတဲ့နေရာက ကျွန်တော်တို့ရဲ့ 2နှစ်ပြည့်Anniversary အတွက် ညစာစားမယ်ဆိုပြီး ကောခေါ်လာတဲ့ Restaurant
တစ်ခုရဲ့ လသာဆောင်ဆောင်ပေါ်မှာလေ။
ကောက ကဗျာတော့ဆန်သား လသာဆောင်တစ်ခုလုံး ဘယ်ဧည့်သည်မှမရှိဘူး ကျွန်တော့်တို့ နှစ်ယောက် dinner စားမဲ့စာပွဲတစ်ခုဘဲရှိတယ်။
စာပွဲပေါ် အနီရောင် ဖယောင်တိုင်လေး တစ်တိုင်မီးထွန်းထားတယ်။ ပတ်ဝန်းကျင်ရဲ့ အလင်းရောင်က အဝါရောင်ခမ်မှေးမှေးလေး ပြီးတော့ Violinist တွေတယောသံချိုချိုလေးတွေတီခတ်လို့။
အင်းတွေးကြည့်ရင်တော့ ကျွန်တော်ကောကိုလက်ထပ်ခဲ့တကယ်မမှားခဲ့ဘူး။
ဒါပေမဲ့ ကောကခဏဆိုပြီးထွက်သွားတာ တစ်နာရီကျော်နေပြီ။"ဧသည် cake ရပါပြီ"
"ဟုတ်"ကောမှာထားတဲ့ cake ထင်တယ် ချစ်စရာလေး ပြီူတော့စားလို့ကောင်မဲ့ပုံလေ။
အဖြူရောင်cake ပေါ်မှာအဝါရောင်စားသားလေနဲ့ happy anniversary တဲ့။****************
"ရှောင်ကျန့် ငါပြောတာကိုစဉ်စားပေးပါဦး"
"ရှောင်ကျန့် ငါနင့်ကိုချစ်တယ်"ကျွန်တော် လက်ကိုဆွဲလို့ တတွတ်တွတ်ပြောနေတဲ့ ကျွန်တော့်သူငယ်ချင်းမလေး
မောင်းဇီယီ ။"ငါလဲနင့်ကိုချစ်ခဲ့ပါတယ် ဒါပေမဲ့...."
"ဘာလဲ ဘာဒါပေမဲ့လဲ ငါလဲနင့်ကိုချစ်တယ် နင်လဲငါ့ကိုချစ်တယ် ရပြီးလေ ငါတို့တစ်ဘဝတည်ထောင်လို့ရပြီ"
"မရဘူး လုံးဝမရဘူး"
"ဘာလို့လဲ"
"ငါမှာအိမ်ထောင်နဲ့"
"ဟားး ဟားးး ဟားးး"သူမရယ်နေပုံကသွယ်ပျက်ဖွယ်ရာ သူမရူးနေတာလား ဟုတ်ပါတယ် သူမကျွန်တော့်ကြောင့်ရူးမလောက်ခံစားနေရတာပါ ။
ကျွန်တော်လဲသူ့လို ရူးမတတ်ခံစားခဲ့ရတယ်ဆိုတာ သူမတကယ်မသိခဲ့ပါဘူး။"ဒီမှာ အိမ်ထောင်တစ်ခုဆိုတာ ယောက်ျားနဲ့မိန်းမ လင်နဲ့မယား အဟက် ဒါမှအိမ်ထောင် တစ်ခုလို့ခေါ်တာရှောင်ကျန့်ရဲ့ နင်တို့ဟာက အိမ်ထောင်တစ်ခုမှမဟုတ်တာ......"
"ပြောပါ နင်ပြောလဲ ငါကခံရမှာဘဲလေ"
"အဟက် ရှောင်ကျန့်ရာ နင့်သူ့ကိုချစ်လို့လား"သူမပါးပြင်ပေါ်မှမျက်ရည်တွေရွှဲနေပြီ ကျွန်တော် ဒီမျက်ရည်တွေကိုသုတ်ပေးချင်ပါတယ် ဒါပေမဲ့ ကျွန်တော့်မှာက အိမ်ထောင်နဲ့