ep5

492 26 4
                                    

Uni

"ချာတိတ် ဘာဖြစ်သွားတာလဲ"

ကျွန်တော်သူ့လက်တစ်ဖက်ကိုဆွဲထားလိုက်တော့ မျက်ရည်စတွေမသိမသာခိုးသုတ်လို့ ဟန်ဆောင်အပြုံးတွေနဲ့ ကျွန်တော့်ကို

"ဘာမှမဖြစ်ဘူး"
"ဒါဆိုဘာလို မျက်ရည်တွေကျနေတာလဲ"

သူ့လက်တစ်ဖက်နဲ့မျက်ရည်စတွေသုတ်လို့
တစ်ဖက်ကတော့ ကျွန်တော်လက်ထဲမှာ
"မျက်လုံးထဲ ပိုးကောင်ဝင်လို့"

"မလိမ်နဲ့နော်ချာတိတ်"
"အဟက် ချာတိတ်ဆိုတဲ့ နာမ်စားက ခင်ဗျားအတွက်သိပ်ပေါလား အဲလိုအခေါ်ဝေါ်ကျွန်တော်မကြိုက်ဘူး"

ချာတိတ်က မကြိုက်ဘူးတဲ့ နာမည်ကမပေါ ပါဘူး ကိုယ်က မင်းတစ်ယောက်ထဲကိုဘဲ အဲလိုခေါ်တာ

"ဒါပေါ့ လောကမှာချာတိတ်တွေ
အများကြီးလေ"

ကိုယ်အတွက်တော့ မင်းတစ်ယောက်ဘဲရှိတယ်ချာတိတ်

သူကျွန်တော်လက်ကို ‌ရိုက်ချပြီးကားထဲသို့ဝင်သွားသည်။

"ဘာလို့များဒီလိုပြောလိုက်ရတာလဲ
ရှောင်ကျန့်ရာ......."

ကျွန်တော်ကိုယ်ကိုကိုယ်အပြစ်တက်ရုံကလွဲ၍ ဘာမှမတတ်နိုင်ခဲ့

****************

ကားပေါ်ရောက်တော့လဲသူငြိမ်းလို့ မျက်နှာကိုကျွန်တော်မရှိတဲ့တစ်ဖက်ကိုလှည့်လို့ထားခဲ့သည်။
ကျွန်တော်ကအရင် စကားစခဲ့ရတာပေါ့။

"အဟမ်း ချာတိတ် ကဒ်ထဲမှာ ပိုက်ဆံရှိသေးရဲ့လား"

သူမျက်နှာလှည့်မလားသလို ဘာစကားမှပြန်မပြောဘဲခေါင်းသာ ငြိမ့်ပြသည်။
သေချာပါပြီး သူစိတ်ဆိုးနေသည်ဆိုတာ။

ကျောင်းကိုရောက်တော့ ချာတိတ်ကားပေါ်မဆင်းခင် ကျွန်တော်ဖက်စ၍ စကားဆိုလိုက်သည်။

"ချာတိတ် ကိုယ်တို့လဲ ခုမှ လင်လင်တွေနဲ့တူတော့တယ်"
"ဘာလို့လဲ"
"အဟက် လက်ထက်ပြီးနှစ်နှစ်ကြာမှဘဲ ရိပေါ်ကိုယ်ကိုစိတ်ကောကိတော့တယ် ခုမှကိုယ်လဲချော့ရတယ် ရန်ဖြစ်လိုက် ချောလိုက် ပြန်ချစ်လိုက်ပေါ့ကွာ"

သူကျွန်တော့်ကိုပြန်ပြောလိုက်သည်က "f**k" တဲ့။
ဟုတ်တယ်ကျွန်တော်တို့က စညားတဲ့နေ့ကတည်းက နှစ်နှစ်ကြာသည်ထိ ရန်မဖြစ်ဖို့နေနေသာသာ စကားတောင် လေလုံးကွဲအောင်မပြောဘူးဖူး ကျွန်တော့်ကိုပါးတို့က ငယ်ငယ်ကတည်းက Singapore ပို့ထားလေတော့ ကျွန်တော်တို့နှစ်ယောက်က နာမည်ခြင်း ရင်းနှိးပေမဲ့ လူချင်းက လက်ထပ်တဲ့နေ့မှတွေ့ခဲ့ရတာပါ။

ရုပ်သေးရုပ် (Puppets)Where stories live. Discover now