Uni
(Wyb)
ကောသူ့ကောင်မလေးကိုအိမ်လိုက်ပို့ပြီး ကျွန်တော်တို့အိမ်ပြန်လာခဲ့တယ်။
ကျဲဇီးယီက သူ့အိမ်မှာမနေတော့ဘူးတဲ့ တိုက်ခန်းတစ်ခုမှာပြောင်းနေနေတာ။ ထူးဆန်တာက ကောက ကျဲနေတဲ့တိုက်ကိုသိနေတာဘဲ။ ဒါလဲထူးဆန်းတယ်လို့ဆိုလို့မရပါဘူးလေ သူတို့ကစုံတွဲတွေဘဲ။"CEO လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်"
"ဘာလဲကွာ ဘာလို့ CEO လို့သုံးနှုန်းနေတာလဲ honey ။ ကိုယ်တို့က......"
ကောစကားတွေကိုဆက်မပြောဘဲရပ်တန့်လိုက်ပါသည်။ပြီးတော့ ကောကားပေါ်ကပါဆင်းဟွားခဲ့တယ်။ ကျွန်တော်သိတာပေါ့ ကျွန်တော်က ဒုတိယလူဆိုတာ ။ကျွန်တော်က လူပိုတစ်ယောက်ဆိုတာ။ ကျွန်တော်ဝဋ်မလည်ခြင်ဘူး။အထူးသဖြင့် အချစ်ဝဋ်ကိုပေါ့။ ကျွန်တော်ကြောင့် ချစ်သူနှစ်ဦးကိုအနောက်ယှတ်မဖြစ်စေခြင်ဘူး။ ကျွန်တော်ချစ်ရသူနဲ့ ကျွန်တော်ကိုလဲဝင်နှောက်ယှတ်မှာကျွန်တော်မလိုလားဘူး။ တကယ်တော် တကယ်တော့်လဲကျွန်တော်ချစ်နေတာကောလေ။ မဖြစ်နိုင်ဘူး သဘာဝတရားကိုလွန်ဆန်လို့မရဘူး။ ဒါပေမဲ့ ငါတို့လက်ထပ်ထားကြတာဘဲ။ အချိန်တန်ကွဲမယ်ဆိုတာသိနေရက်နဲ့ မျှော်လင့်ချက်မထားခြင်စမ်းပါနဲ့ ဝမ်ရိပေါ်ရယ်။
"ချာတိတ်"
ကျွန်တော်အတွေး တွေလွန်နေတာနဲ့ ကောပြန်ရောက်နေတာကို မသိလိုက်ဘူး။
"မအော်ပါနဲ့ ကြားတယ်။ နားလေးနေတဲ့သူမဟုတ်ဘူး"
ကောကျွန်တော်နားနာကပ်ပြီ အော်လိုက်မှကျွန်တော်သတိဝင်လာတော့တယ်။
ပြန်ပြောလိုက်လဲ မျက်နှာကအမြဲပြုံးစိစိနဲ့ ကောက အမှတ်ကိုမရှိဘူး။ ဒီလူကြီးအဲလိုပြုံးနေတိုင်း ကျွန်တော်စိတ်တွေသူ့ပေါ်ပြိုလဲနေမိတယ်။"အိမ်ပြန်တဲ့လမ်းလဲမဟုတ်ဘူး ဘယ်သွားနေတာလဲ"
အိမ်ပြန်လမ်းမဟုတ်၍ ကျွန်တော်မေးလိုက်ခြင်းဖြစ်သည်
"သွားစရာရှိလို့"
"အလုပ်လား"
"အင်းးး"
"ခင်ဗျာ"
"ဘာဖြစ်ပြန်တာလဲ အရမ်းမအော်ပါနဲ့ကိုယ်နားမလေးပါဘူး"