Jeon's Hyung

20 4 0
                                    

Jimin ရဲ့ခင်ပွန်းနဲ့က အထက်တန်းထဲက ချစ်ခဲ့ကြတာ
တယောက်ကိုတယောက် အပျောက်မခံနိုင်လောက်အောင်ပေါ့
ဒီလိုနဲ့အခက်ခဲမရှိ အချစ်သက်ရှည်ခဲ့တဲ့သူတို့နှစ်ယောက်ဟာ
အထက်တန်းပြီး တက္ကသိုလ် ပထမနှစ်မှာပဲ လက်ထပ်ခဲ့ကြတယ် တကယ်တော့ အချစ်မှာသာ အခက်အခဲမရှိတာပါ
လက်ထပ်ပြီးတဲ့နောက်မှာတော့ ခင်ပွန်းရဲ့ တိူ့မိသားစုက
Jimin ခင်ပွန်း ကြောင့် သူ့ကို မတတ်သာလို့သာ လက်ခံခဲ့ပြီး
Jimin ကို အသိအမှတ်မပြုခဲ့တာကိုပါ သိခဲ့ရတယ်

ခင်ပွန်းဖြစ်သူ သူ့အနားရှိချိန်တွေမှာတော့ ဟန်ဆောင်ကောင်းကြသူတွေအဖြစ်နဲ့ပေါ့ ဒါပေမဲ့ သူပြန်မပြောခဲ့ပါဘူး
ဒါက jimin သူ့ခင်ပွန်းကို အရမ်းချစ်လွန်းလိ​ု့ပဲ
ဒါတွေကို သည်းခံပြီးနေလာတာ သားလေးလူ့ဘဝထဲရောက်တဲ့ထိပဲဆိုပါတော့  တခုကံကောင်းတာက ခင်ပွန်းဖြစ်သူက
သူ့ကိုအရမ်းချစ်ပေးရှာတယ်လေ ဒါနဲ့တင် သူတောင့်ခံဖိူ့လုံလောက်ခဲ့တယ် ထင်ပါရဲ့

"သားရေ ဒီညနေ ယွန်းလေး ပြန်လာမယ်တဲ့နော်
သားလေဆိပ်သွားကြိုလိုက်ပါဦး''

"ဟုတ်လား အမေ ယွန်းလေးက ဘာလာလုပ်တာတဲ့လဲ''

"ဒီမှာလာနေတာပေါ့ ပျော်သလောက်နေမယ်တဲ့လေ''

"ဟုတ် သားသွားကြိုလိုက်ပါမယ် ဟင် မင်ရေ သားလေးရော''

"အိပ်နေတယ် ခုနယွန်းလေးဆိုတာ ဘယ်သူလဲ မောင်''

"မောင့်အသိပါ မင်ရဲ့ ငယ်ငယ်ထဲက အိမ်ကိုဝင်ထွက်နေတော့
ညီမလေးအရင်းလိုပဲ''

"Aww...''

"မောင်ကျောင်းသွားဦးမယ်နော် မင် ညနေကြိုရမှာဆိုတော်
အိမ်ပြန်နောက်ကျမယ်နော် ပြွတ်စ်''

နှုတ်ခမ်းဖူးဖူးလေးကို ထိကပ်လာတဲ့ ကျီစယ်သယောင်
အနမ်းလေးဖန်တီးပေးတဲ့ နှုတ်ခမ်းသား..
ဒါဟာမောင်ကျောင်းသွားတိုင်း ပေးနေကြ လက်ဆောင်လေး

"ဟွန့် ယွန်းလေး ဒီညနေလာမှာ အနေထိုင်ဆင်ခြင်ကြ
ယွန်းလေးက တခြားသူမဟုတ်ဘူး အရင်က Jungkook နဲ့လက်ထပ်ပေးဖို့ သဘောတူထားတဲ့သူ မင်းသာမပေါ်လာရင်ပေါ့''

မောင့်ကားလေးထွက်သွားအပြီးမှာ ကြားရတဲ့အသံ
သူ့ကိုဘာသဘောနဲ့ ​လာပြောနေတာလဲလို့ ရန်တွေ့လိုက်ချင်ပေမဲ့ ထုံးစံအတိုင်းသည်းခံပြီးလှည့်ထွက်လာမိပါရဲ့

Jeon's Hyung(Complete)Where stories live. Discover now