"Hyung~~~hyung ပြောတဲ့ အိမ်တော်ထိန်းဂင်နဲ့ယွန်းလေးဆိုတာကို ကျွန်တော့်အိမ်က သူတွေများလား
ကျွန်တော်လေ ကျွန်တော်အိမ်မှာလဲ အဲ့နာမည်နဲ့လူတွေရှိတယ် hyung~~ ခု ခု ကျွန်တော် ခေါင်း အ့''"ဟင် Jungkook ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား
ခေါင်းကိုက်လာတာလား မစဥ်းစားနဲ့နော် ဘာမှမစဥ်းစားနဲ့ ခေါင်းထပ်ကိုက်လိမ့်မယ် ''ဟုပြောကာ ကျောကိုခပ်ဖွဖွလေးပွတ်ပေးကာပြောလာသောသူ 'တကယ်ပဲ ကျွန်တော်နဲ့ပတ်သက်ဖူးတာလား hyungရယ်'
"ရတယ် hyung အဆင်ပြေတယ် ''
"ဟင် Chim လေးတို့ ပြီးနေပြီ သွားရအောင်''
ဒီလိုနဲ့ အိမ်ပြန်ခဲ့ကြပြီးတဲ့နောက်မှာ
Jungkook တယောက် သူ့အမေကို သွယ်ဝိုက်မေးခဲ့ပေမဲ့
သွယ်ဝိုက်ဖြေနေတဲ့ မာမီကြောင့် သိချင်တာမသိရပေ
ေနာက်မှhyung ပြောတဲ့ အိမ်တော်ထိန်းဂင်ဆိုတာ
သူအိမ်မှာရှိတုန်းက အမြဲသနားတဲ့အကြည့်နဲ့ကြည့်နေတတ်တဲ့ သူတို့အိမ်ရဲ့ ဦးလေးဂင်များဖြစ်နေမလားဆိုတဲ့အတွေးနဲ့
မာမီ့ဆီ ဦးလေးဂင်ဖုန်းနံပါတ်တောင်းခဲ့တယ်
အချိန်မဆွဲနိုင်တော့တဲ့ ကိုယ်ဟာ ထိုဖုန်းနံပါတ် ကို ချက်ချင်းဆက်ပြီး လူချင်းတွေ့ဖို့ချိန်းခဲ့တယ်တွေ့တာနဲ့ မေးစရာမလိုအောင် ထောင့်စိ ပြောပြတဲ့
ဦးလေးဂင်ကြောင့် စွန့်အသွားရသူမှာ Jungkook သာ
Hyung ပြောပြတဲ့ Hyung ဘဝအကြောင်းကြားအပြီးမှာ
ရှုပ်ထွေးလာတဲ့သူ့စိတ်ကြောင့် ဘူဆန်မှာလာနေပြီး အပေါင်းသင်းနဲတဲ့ အတိတ်ကို မမှတ်မိခဲ့တဲ့ Jungkook ဟာလဲ
Hyung ပြောတဲ့အကြောင်းနဲ့သက်ဆိုင်မယ်ဆိုတာ ရိပ်မိပေမဲ့ စဥ်းစားမရတဲ့ ဦးနှောက်ကြောင့် တွေဝေခဲ့ရတာ
အတည်ပြုချင်ခဲ့ရတာ သေချာချင်ခဲ့တာ ခုတော့လဲ
မငြင်းနိုင်တဲ့အမှန်တရားက လက်ထဲမှာတိုက်ခန်းလေးထဲပြန်လာပြီး အမေအစဖျောက်ခိုင်းတဲ့
သက်မဲ့အမှတ်တရတွေထဲက ကျွန်တော်တို့နှစ်ယောက်ရဲ့
အမှတ်တရတခုကို ဦးလေးဂင်က သိမ်းထားခဲ့သည်တဲ့လေ
တရွက်ချင်းစီလှန်ကြည့်တော့ အထက်တန်းလောက်ထဲက နှစ်ယောက်သားပြုံးပျော်နေတဲ့ပုံလေးတွေဟာလဲ အသက်ဝင်စွာ
နွေးထွေးစွာ ကြင်နာစွာ ဘေးလူတယောက်အနေနဲ့
ကြည့်ရင်တောင် ဒီပုံထဲကလူနှစ်ယောက်က သိပ်ချစ်ကြပုံ
ခုကျွန်တော်လဲဘေးလူတယောက်အနေနဲ့ ကြည့်နေရသလိုပါပဲ ဘာကြောင့်ဆို အတိတ်တွေကို အမှတ်မရသေးဘူးလေ....