ခင်ဗျားတို့ ဘဝမှာ Right Person ဆိုတာမျိုးကို
မျှော်လင့်ဖူးကြမှာပါ ကျွန်တော်ကတော့ မမျှော်လင့်ခဲ့ပါဘူး
ဘာကြောင့်လဲဆို ကျွန်တော်က တစ်စုံတစ်ယောက်အတွက်
Right Person ဖြစ်ပေးချင်ခဲ့လို့ထင်ပါရဲ့......"Hyung''
"Ah.. Jungkookie ဘယ်သွားမလို့လဲ''
"Hyung ကကော ကျွန်တော် hyung ကိုတွေ့လိုက်လို့
လာတာ..hey သားသားရေ ဘယ်သွားမလို့လဲကွ''"တား ဗိုက်ရှာရို့ရေ ပါပါးကို မုန့်ပူရှာနေတာ''
"ဟုတ်တယ် Jungkookie ရေ ညဘက်ကြီး မုန့်စားချင်တယ် ပူဆာနေလို့ အိမ်မှာလဲ ကုန်နေတာလေးတွေရှိလို့လေ
သားကိုပါခေါ်ပြီး ထွက်လာခဲ့တာ""Aww ဒါဆို အတော်ပဲ ကျွန်တော်လဲ ေခါက်ဆွဲ ဗူးတွေကုန်နေတာနဲ့ တခါထဲလိုက်ဝယ်လိုက်မယ် ''
အဲ့လိုပါပဲ hyung နဲ့ Chim လေးတို့ကသားအဖပေါ့ ကျွန်တော်နေတဲ့ခေါင်မိုးထပ်ရဲ့အောက်အခန်းတွဲလေးမှာနေကြတာလေ Hyung တို့သားအဖက ဘယ်လိုဆုလာဘ်မျိုးကိုရထားလဲမသိပါဘူး
လူချစ်လူခင်အရမ်းများတာ ကျွန်တော်လဲ
Chim လေးနဲ့ Chim လေး papa ကို စတွေ့ထဲက အပေါင်းသင်းသိပ်မရှိ လူသိပ်မခင်တတ်တဲ့ ကျွန်တော့်အတွက် ပထမဆုံးကပ်တွယ်မိတဲ့ သူလေးတွေပေါ့ဒါတွေဟာ hyung ရဲ့အပြုံးချိုချိုလေးတွေကြောင့်လဲပါမှာပါလေကျွန်တော်ဟာ ဒီသားအဖကို ခင်တွယ်မိလေရဲ့ အဖြူရောင်သက်သက်ခင်တွယ်ခြင်းအနေနဲ့ပေါ့......
"Jungkookie ရေ jungkookie.....!!''
ဒေါက် ဒေါက်
"အာ လာပြီ လာပြီ''
ကျွန်တော် တံခါးဖွင့်လိုက်တော့
"Jungkookie ရေ လုပ်ပါဦး သားလေးလေ သားလေး''
"စိတ်အေးအေးထားနော် hyung
Chim လေးဘာဖြစ်လို့လဲဟင်''Hyung ပခုံးနှစ်ဖက်ကို အသာလှုပ်ကိုင်ပြီးမေးတော့
"သားလေး Chim လေး ကိုယ်တွေ တအား ပူနေတယ်
ပူကျစ်နေတာပဲ hyung လေ hyung မနက်ထဲက ဆေးခန်းသွားသေးတယ် ခုထိမသက်သာဘူး သားကလေ
သားက အဖျားမကျသွားဘဲ ခုခေါ်လို့ပါမရတော့ဘူး....''