mewကိုယ်တိုင်ဗျတ်စောင်းတီး ခတ်ပြီး သံစဉ်တေးသွားလေးတွေနဲ့
နှလုံးသားထဲကရင်ဖွင့် စကားသံလေးတွေကိုဖော်ကျူးပြီး
သူgulfလေးနတ်သက်ကြွေပြီးလူသားလေးအဖြစ်ပြန်မွေးဖွားတဲ့အချိန်အထိ
အချိန်တွေရာသီတွေဘယ်လောက်ပဲ ပြောင်း လဲသွားပါစေ သူgulfလေးကို သစ္စာရှိရှိနဲ့
အ ချိန်တိုင်းလွမ်းပြီးစောင့်မျှော် နေမဲ့အကြောင်း gulfလေးကိုဖွင့်ပြောပြပြီးတဲ့အချိန်ကစ
နှစ်ယောက်သားအတူနိုးထခဲ့ အတူသွားခဲ့ အတူစားခဲ့ အတူပျော်ရွှင်ရယ်မော နေခဲ့ ပြီး
ခွဲခွာရမယ့်နေ့ရက်တွေကို မရေတွက်ဘဲ မေ့ထားခဲ့ပေမယ့် gulfလေး
နတ်သက်ကြွေဖို့ ကောင်ကင်သက်တမ်း 1နှစ်ပဲကျန်ရှိတော့တယ်
😭😭😭( တကယ်တော့ 1နှစ်ဆိုတာအချိန်ရှိပါသေးတယ်ဒါ ပေမယ့်
ခွဲခွာဖို့အတွက် ရက်တွေရေတွက်ရပြီဆို အချိန်အကုန်မြန်လွန်းတယ်
လို့ခံစားရစေတယ် 1နှစ်ကျန်သေးပေမဲ့ 1လပဲကျန်တော့သလို ရင်ထဲမှာစူးနင့်နေအောင် ခံစားရတယ်
တစ်ချိန်မှာ ဘဝနှစ်ခု ပျော်ရွှင်စွာ ပေါင်းဖက်နီးစပ်နိုင်ဖို့အတွက် အရင်ဆုံးခွဲခွာပြီး ဝေးပေးရလေခြင်းများလား)😞😞😭😭
နှစ်ယောက်အတူဖြတ်သန်းခဲ့တဲ့ နှစ်တွေမှာလည်း
mewကgulfလေးကိုမထိပါးခဲ့ဘူး စောင့်ထိန်းခဲ့တယ်
သူကgulfလေးခန္တာကိုယ်ကိုတပ်မက်ပြီးချစ်ခဲ့တာမဟုတ်တာကြောင့် နမ်းတဲ့အဆင့်ကနေထပ်မတက်ခဲ့ဘူး
ဘာလို့လည်းဆိုတော့ သူgulfလေးကိုတရားဝင်
ကြေညာလက်ဆက် ပြီးမှသာ
သူပိုင်ဆိုင်ချင်တယ်လေသူgulfလေးကို အားလုံးရှေ့မှာ တရားဝင်မကြေညာရသေးသရွေ့ လက်ဖျားတောင်မထိဘူးလို့သူဆုံးဖြတ်ထားတယ်
ဒီနေ့ mewကောင်းကင်နိုင်ငံရဲ့ အစည်းအဝေးခန်းမဆောင်
ကိုသွားတက်ရောက်ရတာဖြစ်တဲ့အတွက် တစ်ယောက်တည်း ကျန်ခဲ့တဲ့ gulfလေးကိုစိတ်မချနိုင်ဖြစ်နေတယ်လေ

YOU ARE READING
Magic Love Density
Romanceဇာတ်လမ်းရဲ့plotပုံစံအကျဉ်းလေးကတော့ အရာရာကိုလိုသလိုဖန်တီးဖန်ဆင်းနိုင်တဲ့ နှစ်2000နတ်သားလေးmewသူတန်ဖိုးအထားရဆုံးတစုံတရာကသက်တမ်းစေ့လို့ပျောက်ကွယ်သွားပြီးယနေ့ခေတ်လူ့လောကမှာပြန်လည်ရှာတွေ့တဲ့အခါသူဘာတေလုပ်မလဲ??? သူ့ရဲ့တစ်စုံတစ်ရာကရောwhat?????? မထင်မှတ်ဘဲအခ...