mewနဲ့ gulf လေးတို့ 2ယောက်ကို gulf လေးရဲ့မိဘတွေ ကလက်ထပ်ဖို့ သဘောတူလိုက်ကတည်းက
mew ကချင်းမိုင်ကကိုမပြန်ဘဲ gulf လေးမိဘတွေရဲ့
ခွင့်ပြုချက်နဲ့ gulf လေးအိမ်မှာပဲနေခဲ့တယ် gulf လေးကျောင်းမပြီးမချင်းပေါ့gulf လေးရဲ့မိဘတွေကလည်း သူ့သား 2 ယောက်ပျော်ရွှင်နေတာကိုကြည့်ပြီးစိတ်ချမ်းသာနေကြတယ်လေ
mew တစ်ယောက် gulf လေးရဲ့မိဘတွေဆီကတရားဝင်ခွင့်ပြုချက်ရပြီးကတည်းက သူအရမ်းပျော်နေခဲ့သလို
သူ့စိတ်တွေလဲ အရင်နဲ့မတူဘဲ လွတ်လပ်ပေါ့ပါးခဲ့တယ် ဘာလို့ဆို အစက gulf လေးရဲ့မိဘတွေမသိဘဲ gulf လေးနဲ့တွဲနေခဲ့ကြတာလေ
ပြီးတော့ သူ့ရဲ့အကြောင်းတွေကိုလဲ gulf လေးမိဘတွေကိုလိမ်ညာဖုံးကွယ်ရတော့ နေရတာမလွတ်လပ်ဘူးစိတ်ကျဥ်းကျပ်ပြီး စိတ်မသန့်သလိုခံစားရနေရတာပေါ့
mew က gulf လေး ကျောင်းမပြီးမချင်း gulf လေးကို နေ့စဥ်ကျောင်းအကြိုအပို့လုပ်ပေးတယ်
ပိတ်ရက်တွေဆို အပြင်တွေလိုက်ပို့ပေးတယ်
အိမ်မှာအတူမုန့်တွေလုပ်စားကြတယ် gulf လေးရဲ့ ကျောင်းစာတွေလည်းကူလုပ်ပေးသလို စာတွေလည်း ရှင်းပြပေးခဲ့တယ်
မနက်အိပ်ရာနိုးတဲ့အချိန်တိုင်း လှပချိုမြိန်တဲ့ အနမ်းလေးတစ်ပွင့် နေ့သစ်ကို စတင်တယ်
အိပ်ရာဝင်ချိန်တိုင်း သီချင်းဆိုပြသလို အိပ်ခါနီးအချိန်တိုင်း gulf လေးရဲ့နဖူးလေးထက်အနမ်းလေးခြွေပြီး
gulf လေးကို သူ့လက်မောင်းထက်လှဲစေကာ သူ့ရဲ့နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးထဲမှာမြုပ်နေအောင်ဖက်ထားပြီး ညတိုင်းအိပ်စက်ခဲ့တာပေါ့🥰🥰
gulfလေးရဲ့ဘဝမှာ စိတ်ဆင်းရဲတယ်ဆိုတာဘာလဲ စိတ်ညစ်စရာဆိုတာဘာလဲ ဝမ်းနည်းမျက်ရည်ကျရတာ ဘာကြောင့်လဲ
လို့မေးယူရလောက်အောင်အထိ mew က gulf လေးကို အရမ်းချစ်ပေးပြီး ဂရုစိုက်ပေးခဲ့တယ်😍😍😍
ပြောရရင် ဒါတွေအားလုံး ကဒီ 2 နှစ်အတွင်းမှာ gulf လေးအတွက် mew လုပ်ပေးခဲ့တာတွေပေါ့

ESTÁS LEYENDO
Magic Love Density
Romanceဇာတ်လမ်းရဲ့plotပုံစံအကျဉ်းလေးကတော့ အရာရာကိုလိုသလိုဖန်တီးဖန်ဆင်းနိုင်တဲ့ နှစ်2000နတ်သားလေးmewသူတန်ဖိုးအထားရဆုံးတစုံတရာကသက်တမ်းစေ့လို့ပျောက်ကွယ်သွားပြီးယနေ့ခေတ်လူ့လောကမှာပြန်လည်ရှာတွေ့တဲ့အခါသူဘာတေလုပ်မလဲ??? သူ့ရဲ့တစ်စုံတစ်ရာကရောwhat?????? မထင်မှတ်ဘဲအခ...