Magic Love Density EP20

90 9 5
                                        

long***mew အခုကိစ္စကို ငါတို့အပြင် အခြားဘယ်သူတွေသိသေးလဲ

mew***နက္ခတ်တာရာဘိုးဘိုးကြီး တစ်ယောက်ထဲပဲရှိတယ်

long***အဲဒါဆိုရင်တော့ စိတ်ပူစရာမရှိပါဘူး

mew***gulfလေး ကလူသားအဖြစ်ပြန်မွေးဖွားလာတော့

လွန်ခဲ့တဲ့နှစ်200ကျော်  နေကြာလေးဘဝတုန်းက ကိစ္စတွေ ဘာမှမမှတ်မိတော့ဘူး

ငါပြောပြထားသလောက်ပဲသိတာ
သူ့အသက်20ပြည့်ရင်တော့ ငါသူ့ကို

ပေးထားတဲ့ ဆွဲကြိုးလော့ကတ် လေးမှာထည့်ထားတဲ့ စွမ်းအားကြောင့် သူအရာအားလုံးပြန်မှတ်မိသွားမှာလေ

champ***အေးပါကွာ
ငါတို့တွေပါ မင်းတို့ကိစ္စ မသိအောင်

ဖုံးကွယ်ပေးထားနိုင်ရင် မင်းတို့ လက်ထပ်ပြီးတဲ့အချိန်အထိ

ကောင်းကင်နိုင်ငံကမင်းတို့ကို ရှာတွေ့မှာမဟုတ်ဘူး

mew***အေးဟုတ်တယ် ဒါပေမဲ့ ကောင်းကင်နိုင်ငံ ကလူတွေ gulf လေးကို

ရှာမတွေ့အောင် ငါ့စွမ်းအားတစ်ချို့နဲ့ ဖုံးကွယ်ပေးထားတယ်

တကယ်တော့ ငါတို့ကိစ္စသိသွားရင် ငါအပြစ်ပေးခံရမှာကို ငါမကြောက်ပါဘူး

ဒါပေမဲ့ သူတို့gulf လေးကို ထိခိုက်အောင်လုပ်မှာကိုငါအရမ်းကြောက်တယ်

ငါ့ကို gulfလေးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်ပြီး ငါတို့2ယောက်ကိုခွဲပစ်မှာကိုလည်း ငါမလိုလားဘူး

ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ငါသူ့လက်ကို ဘယ်တော့မှ မလွှတ်ပါဘူးလို့ ငါကတိပေးထားတယ်

ပြီးတော့ကွာ မင်းစဉ်းစားကြည့်
အချစ်မှာကိုယ်တစ်ကယ်ချစ်ပြီဆိုရင်
ယောက်ျားမိန်းမ ခွဲထားစရာလို လို့လားကွာ

ငါသူ့နဲ့ သာခွဲရရင် ငါသေသွားမှာ
ငါမခံစားနိုင်ဘူး

champ***ငါတို့ မင်းခံစားချက်ကို နားလည်ပါတယ်

မင်းက ကောင်းကင်နိုင်ငံရဲ့ မင်းကြီး နေ ရာကိုဆက်ခံမဲ့သူ ဆိုတော့ တားမြစ်ချက်တွေက ပိုဆိုးတာပေါ့ကွာ

Magic Love DensityWhere stories live. Discover now