Chapter 31 - A Nice and Innocent Man (2)

3.2K 592 22
                                    

#Unicode

အခန်း (၃၁) သဘောကောင်းရိုးသားဖြောင့်မတ်သော အမျိုးကောင်းသား (၂)

သူ့ရှုထောင့်မှကြည့်လျှင် သူဌေးစုသည် လီဝမ့်ကျင်းသည် အခြားသူတစ်ဦးထံမှ ဒီအကြောင်းကိုကြားရတာကို သဘောမကျကြောင်း ရိပ်မိလိုက်တော့ သူပြောနေတဲ့စကားကို ရပ်လိုက်သည်။ သို့သော် သူ့အိမ်တွင် သူ့ဇနီးသည်က လီဝမ့်ကျင်းသည် သူ့ဇနီးအပေါ် ဘယ်လောက်ရှိကြောင်း၊ သူ့ဇနီးသည်ကလွဲလို့ အခြားအမျိုးသမီး ဘယ်တုန်းကမှမရှိကြောင်းကို အမြဲလိုချီးကျူးတာကိုကြားခဲ့ရသည်။ သူ ယခု မြင်တွေ့ရတာကိုပဲကြည့်ရင် လီဝမ့်ကျင်းသည် ခိုးကြောင်ခိုးဝှက်လုပ်သည့်နေရာမှာ ပိုကောင်းခြင်းသာဖြစ်မည်။

သူ့၌ အခြားအမျိုးသမီးများရှိသော်လည်း အနည်းဆုံးတော့ သူသည် သူ၏တရားဝင်ဇနီးကိုစွန့်ခွာမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ လီဝမ့်ကျင်းသည် ထိုအခြေခံအယူအဆကိုပင် နားလည်ပုံမပေါ်ပေ။

သူဌေးစုမှ ကြားဖြတ်ဝင်နှောင့်ယှက်မှုကြောင့် လီဝမ့်ကျင်း၏စိတ်ကို ပြန်ပြောင်းသွားစေခဲ့သည်။ သူသည် ဝမ်စစ်ရှန်းအား သူမအိမ်သို့ ချက်ချင်း ပြန်‌လိုက်ပို့ပေးခဲ့သည်။ ပုံမှန်အတိုင်းသာဆိုရင် သူသည် ဝမ်စစ်ရှန်းစိတ်မကောင်းဖြစ်နေတာကို မြင်လိုက်ရသောအခါတွင် သူမအား များများနှစ်သိမ့်ပေးမှာဖြစ်သည်။ သို့သော် သူ့တွင် ယခုအချိန်မှာ စိတ်အခြေအနေကောင်းမွန်ခြင်း မရှိပေ။

***

ဖန့်ကျွင်းရုံသည် သူမ၏ဘဏ်ကဒ်အတွင်းသို့ ဒေါ်လာသုံးဘီလီယံထပ်မံရောက်လာတာကိုကြည့်ပြီး အတော်လေး ပျော်ရွှင်နေခဲ့သည်။ လီဝမ့်ကျင်းသည် သူတို့၏ပိုင်ဆိုင်မှုများကို လျှို့ဝှက်လွှဲပြောင်းသိမ်းဆည်းထားရန် အလွန်ကြိုးစားခဲ့ပြီး ၎င်း‌‌ေငွကြး၏ထက်ဝက်ကျော်မှာ သူမလက်ထဲကိုသာရောက်ရှိခဲ့ပြီးတော့ လီဝမ့်ကျင်း၏စိတ်ဆင်းရဲဒုက္ခရောက်ပြီး ရလာခဲ့တာဖြစ်သည့်အတွက် သူမသည် ပိုပျော်ရွှင်ခဲ့ရသည်။

သူမသည် လီဝမ့်ကျင်းအပေါ်တွေးသည့်အတွေးဟာ မှန်ကန်နေခဲ့သည်။ လီဝမ့်ကျင်းသည် ဟဲမင်ကိုပါးစပ်ပိတ်ထားရန်အတွက် ဒေါ်လာနှစ်ဘီလီယံထပ်ပေးခဲ့လေသည်။ ဒါပေမယ့် သူက ဟဲမင် နောက်တစ်ခါထပ်မံခြိမ်းခြောက်ငွေညစ်မယ်ဆိုရင် ဘာပဲဖြစ်ပါစေ ဟဲမင်ကို တရားစွဲပြီးထောင်ထဲသို့ပို့လိုက်မယ်ဆိုတဲ့အကြောင်းကိုပါ‌ ပြောခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM Translation)Where stories live. Discover now