Chapter 32 - A Nice and Innocent Man (3)

3.5K 638 48
                                    

#Unicode

အခန်း (၃၂) သဘောကောင်းရိုးသားဖြောင့်မတ်သော အမျိုးကောင်းသား (၃)

စုမိန်သည် ဖန့်ကျွင်းရုံအရင်ရောက်နှင့်နေတာ ဖြစ်သည်။ သူမသည် အနီရင့်ရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး လက်ဝတ်ရတနာအများကြီးကို ဝတ်ဆင်ထားကာ ချမ်းသာကြွယ်ဝတဲ့ပုံစံပေါက်နေ‌သည်။ ဟုတ်တယ်။ ဒါပေမယ့် အရေးအကြောင်းများက သူမရဲ့အသက်အရွယ်ကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ သူမသည် ဖန့်ကျွင်းရုံနှင့် အသက်အရွယ်ချင်း တူပေမယ့် သူမလိမ်းခြယ်ထားသောမိတ်ကပ်ထူထူကပင် သူမရဲ့မျက်ဝန်းထောင့်ရှိ ကျီးကန်းခြေထောက်များကို မဖုံးနိုင်ဘူး။

ဖန့်ကျွင်းရုံက သူမနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ပြုံးပြလိုက်သည်။ "ငါ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ငါ မထွက်လာခင်က ငါ့သမီးနဲ့စကားနည်းနည်းပြောနေလို့။"

စုမိန်၏အကြည့်သည် ဖန့်ကျွင်းရုံရဲ့မျက်နှာဆီမှ စူးစူးနစ်နစ်စိုက်ကြည့်ကာ အကြည့်မလွှဲနိုင်ခဲ့ပေ။ ဖန့်ကျွင်းရုံက ဘယ်လိုကြောင့် ပိုပြီးငယ်နေတဲ့ပုံပေါက်နေရတာလဲ။ အချိန်က သူမအပေါ်မှာ အမှတ်အသားတွေ မချန်ထားခဲ့ပဲ သူမကို ကောင်းမွန်စွာ ကုသပေးနေတာလား။ သူမကိုယ်တိုင်မှာတော့ အိုမင်းရင့်ရော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကို မတားဆီးနိုင်ခဲ့ဘူး။

သူမသည် ဖန့်ကျွင်းရုံကို အလွန်မနာလိုဖြစ်နေသော်လည်း ခပ်တည်တည်အမူအရာဖြင့် မေးလိုက်သည်။ "နင် ဘယ်အမျိုးအစား foundationကိုသုံးနေတာလဲ။ နင်ရဲ့မိတ်ကပ်က အရမ်းသဘာဝကျလွန်းတယ်။"

ဖန့်ကျွင်းရုံ၏အပြုံးဟာ နက်ရှိုင်းသွားခဲ့သည်။ "ဒီနေ့က အရမ်းပူနေတော့ ငါ ဘယ်မိတ်ကပ်ကိုမှ မလိမ်းခဲ့ဘူး။ ငါတို့က မိတ်ဆွေဖြစ်‌ခဲ့တာကြာပြီးမလို့ ဒါက အဆင်ပြေမယ်လို့ ငါ ထင်တယ်။" သူမသည် သူမရဲ့မျက်နှာကိုညွှန်ပြကာ ပြောလိုက်သည်။ "အာ...ဟုတ်တယ်။ ငါကလည်း သဘာဝမျက်နှာလို့ပဲ ထင်တာပါ။"

စုမိန်: "......"

သူမက အရမ်းဒေါသထွက်သွားတယ်။ ဒါပေမယ့် သူမသည် သူမရဲ့အပြုံးမျက်နှာကို ထိန်းသိမ်းရန် လိုအပ်နေဆဲဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM Translation)Where stories live. Discover now