⟨Unicode⟩
" အား.....ကျွတ် ကျွတ် ကျွတ် နာလိုက်တာ "
မျက်လုံးမဖွင့်ရသေးခင်တစ်ကိုယ်လုံးနာကျင်နေသောကြောင့် အသံအရင်ဆုံးထွက်လာပြီး ညည်းမိသည်။ ထို့နောက် မျက်လုံးဖွင့်ကြည့်လိုက်တော့ အဖြူရောင် လွင်ပြင်ကျယ်ကြီးကလွဲ၍ သူ့မျက်လုံးထဲ ဘာဆိုဘာမှ မတွေ့ရမမြင်ရပေ။ သူအသံတိတ်သာ ပတ်ဝန်းကျင်ကို အကဲခတ်နေမိသည်။
" ဒင် ကူးပြောင်းလာမှုအတွက် System 2443 မှကြိုဆိုပါတယ် "
သူ အသံကြားရာလှည့်ကြည့်မိတော့ ဘာဆို ဘာမှမတွေ့။
" Host မမြင်နိုင်တာမို့ မရှာဖို့ပြောချင်ပါတယ်။ အခုတော့ ကျွန်တော်ပြောတာကို နားထောင်ပေးပါ "
သူနှုတ်ဆိတ်နေသောအခါ ထိုအသံပိုင်ရှင်က စပြောလာသည်။
" အခုHost ရောက်နေတာက ကျွန်တော်တို့ System 2443 ရဲ့ နယ်မြေသစ်မှာပါ။ Host ရဲ့အရင်ဘဝမှာ တစ်စုံတစ်ခုဖြစ်ခဲ့တာကြောင့် ဒီနယ်မြေသစ်ကို ရောက်ရှိခဲ့တာပါ။ Host ရဲ့နာမည်ကလွဲလို့ တခြားအရာတွေကို Host ကမေ့နေပါလိမ့်မယ်။ အခုလက်ရှိ Host လုပ်ရမဲ့ တာဝန်က ကမ္ဘာပေါင်းများစွာကို သွားပြီး အကြောင်းမဲ့ သေဆုံးခဲ့ရတဲ့ လူတွေရဲ့အသက်ကို ကယ်တင်ရမှာ။ အခုရှင်းပြသွားတာတွေကို Host နားမလည်တာရှိရင်မေးနိုင်ပါတယ် "
" ငါက ဘာကြောင့် ဒီတာဝန်ကို ထမ်းဆောင်ရမှာလဲ "
" အချိန်ကျရင် အလိုလို သိရပါလိမ့်မယ် Host "
" မင်းပြောသလို လူတွေကို ကယ်တင်ရမယ်ဆိုတော့ ငါက ဘာပြန်ရမှာလဲ "
" Host ဘဝရဲ့အရေးကြီးဆုံးတစ်စိတ်တစ်ပိုင်းကို သိရမှာပါ "
" ငါငြင်းရင်ရော "
" ........ "
အတန်ကြာအောင် System ဘက်ကတိတ်ဆိတ်သွားပြီးနောက်....
" Host ဘက်က ငြင်းပယ်ခွင့်မရှိပါဘူး "
" ကောင်းပြီ ငါလက်ခံတယ် "
" အဲ့ဒါဆို Mission bar ကိုကြည့်ပေးပါ "
YOU ARE READING
System 2443(Uni+Zawgyi)
RomanceUpdate secedule - February restart ပါဗျ။ ငါ့အတွက် ရွေးချယ်ခွင့်တွေနောက်ထပ်ရှိလာမယ်ဆိုရင်တောင် ငါ့ရွေးချယ်မှုက မင်းတစ်ယောက်ပဲ ဖြစ်နေအုံးမှာပါ.........