⟨Unicode⟩
" ဟေ့ကောင် ပိုင်ဖန်း ထကွ ဆရာမလာနေပြီ "
ရုတ်တရပ် အသံကြောင့် သူမျက်လုံးတွေပွင့်လာသည်။ သူပတ်ဝန်းကျင်ကို အကဲခတ်မိတော့ စာသင်ခန်းတစ်ခန်းဖြစ်နေသည်။ အတန်းထဲ ၌ ကျောင်းသားတွေက ဟိုတစ်စု တစ်စု။ ထိုစဉ် ဆရာမဝင်လာတာကြောင့် အကုန်လုံး မတ်တက်ရပ်နှုတ်ဆတ်တာကြောင့် သူပါရောရောင်ပြီး မတ်တတ်ရပ် နှုတ်ဆတ်လိုက်ရသည်။ စိတ်ထဲ System ကို ဆဲပစ်လိုက်သည်။
* F**k ပဲ သိလား 24 ငါကအခုဘာလုပ်ရမှာလဲ *
* စိတ်ထိန်းပါ Host . အခုတော့ အလိုက်သင့်နေလိုက်ပါ။ အတန်းဆင်းရင် လူရှင်းတဲ့နေရာကို ရှာပြီး Host ကိုဇာတ်ကြောင်းပြောပြပါ့မယ် *
* Shitt...*
စိတ်ထဲ၌ ဆဲလိုက်ပြီး ဆရာမက ပြန်ထိုင်ခိုင်းကာ စာစသင်လေသည်။ တွေ့တဲ့စာအုပ်ကောက်လှန်ကာ လိုက်ကြည့်လိုက်တော့ တော်သေးသည် ဆရာမသင်တာနဲ့ ကွက်တိကျနေသည်။ စိတ်ထဲ၌ အတန်းဆင်းသာ ဆုတောင်းနေလိုက်တော့သည်။ မိနစ်40 လောက်ကြာပြီးနောက်မှာတော့ ဆရာမက အတန်းဆင်းပေးသည်။ ထို့နောက် သူလည်းစာအုပ်တွေသိမ်းကာ သူ့ဘေးက ကောင်ကို သန့်စင်ခန်းဟု ပြောပြီး အလျှင်အမြန်ထွက်လာရတော့သည်။ သူ့ဘေးက ကောင်လေးကတော့ ခေါင်းရမ်းကာ ကျန်ခဲ့သည်။ System ၏ အကူအညီးဖြင့် သန့်စင်ခန်းကို ရှာတွေ့ကာ အခန်းတစ်ခန်းကိုဝင်လိုက်သည်။
* ပြောတော့ System အစုတ်ပလုတ် ငါအခုဘယ်ကမ္ဘာကိုရောက်နေတာလဲ *
* Host အရမ်းရိုင်းလိမ့်မယ်လို့ ထင်မထားဘူး F**k ပဲ Host ဇာတ်ကြောင်းပို့လိုက်ပါပြီ *
ပြန်ဆဲဖို့ပြင်လိုက်ပေမဲ့ ခေါင်းထဲ ကမှတ်ဉာဏ်တွေအတင်းဝင်လာတာကြောင့် နံရံကို လက်ထောက်လိုက်ရသည်။
* 24 မင်းအကောင်လိုက်ရှိရင်သေပြီပဲ *
* Host နာမည်တစ်မျိုးထဲခေါ်လဲ ဖြစ်တယ် *
* တိတ်စမ်း ငါဇာတ်ကြောင်းဖတ်နေတယ် *
ဤကမ္ဘာက နည်းပညာတွေနဲ့ ကမ္ဘာလို့ပြောလို့ရသည်။ ထိုကမ္ဘာပေါ်၌ အကြီးဆုံးမြို့နဲ့ နာမည်အကြီးဆုံး မြို့က ရှန်းမြို့တော် ဖြစ်ပြီး အခုခန္တာကိုယ်ပိုင်ရှင် ပိုင်ဖန်း ကလည်း ထိုရှန်းမြို့တော်က သာမာန်လူတန်းစာနယ်မြေက ကောင်ငယ်လေးဖြစ်သည်။ ရှန်းမြို့တော်၌ နယ်မြေနှစ်ခု ရှိသည်။ Smart City နယ်မြေ နှင့် သာမန်လူတန်းစား နယ်မြေ ဖြစ်သည်။ ပိုင်ဖန်း ဆိုတဲ့ကောင်လေးက အခုလက်ရှိ Smart City ၌ ရောက်ရှိနေတာဖြစ်ပြီး အကြီးဆုံးတက္ကသိုလ်၌ ကွန်ပျူတာ သိပ္ပံဘာသာကို သင်ကြားနေသူဖြစ်သည်။ သူက သာမန်လူတန်းစား နယ်မြေကနေ ရောင်းစားခံရပြီး Smart City သို့ရောက်ရှိနေခြင်းဆို ပိုမှန်သည်။ သာမန်လူတန်းစား နယ်မြေက အရမ်းဆင်းရဲတာကြောင့် ပိုက်ဆံရဖို့အတွက် ဘာမဆို လုပ်တဲ့သူများရှိသည်။ ပိုင်ဖန်းက ထိုလူတွေရဲ့သားကောင်ဖြစ်ခဲ့ရသည်။ ပိုင်ဖန်းက ကျောင်းမှာ အနိုင်ကျင့်ခံ ကျောင်းသားထဲက ဖြစ်သည်။ ဒီနေ့က ထိုအနိုင်ကျင့်တဲ့သူတွေက တစ်ခြားတစ်ယောက်ကို ပစ်မှတ်ထားတာကြောင့် သူလွတ်သွားခြင်းပင် ။ ပိုင်ဖန်းက အိမ်တော်တစ်ခု အစေခံဖြစ်တာကြောင့် သူက အနှိမ်ခံသာသာတစ်ယောက်သာ။ ပိုင်ဖန်း သေရသည့်အကြောင်းအရင်း က အိမ်မှာတင်မက ကျောင်းမှာပါ အနိုင်ကျင့်ခံရတာကြောင့် ကိုယ့်ကိုယ် ကို သတ်သေခြင်းဖြစ်သည်။ သူ့ရဲ့ဆန္ဒက ဘဝတစ်လျှောက်လုံး အေးအေးချမ်းချမ်းလေး နေရန်သာ ဆန္ဒရှိသည်။ ဖြစ်နိုင်ရင် ချစ်ရတဲ့သူနဲ့အတူပေါ့.....
YOU ARE READING
System 2443(Uni+Zawgyi)
RomanceUpdate secedule - February restart ပါဗျ။ ငါ့အတွက် ရွေးချယ်ခွင့်တွေနောက်ထပ်ရှိလာမယ်ဆိုရင်တောင် ငါ့ရွေးချယ်မှုက မင်းတစ်ယောက်ပဲ ဖြစ်နေအုံးမှာပါ.........