Arc(1.3)

757 102 2
                                    

⟨Unicode⟩

" ရုန်လန် " လို့အော်လိုက်သူက ဇာတ်လိုက်မ ဖြစ်ပြီး " ကိုကို " လို့ခေါ်လိုက်သူက မေ့ဟွာ ဖြစ်သည်။ ပိုင်ဖန်း ကတော့ငုတ်တုတ်ကနေ မထရသေး။ ဘာလို့ဇာတ်လိုက်က ပါလာရတာလည်း ရောက်လာရတာလည်း ငါလေးတော့သေတော့မှာပဲ။ ချန်မေယွီနဲ့ ချန်မေ့ဟွာ နှစ်ယောက်ကတော့ ဇာတ်လိုက်ဆီသို့ပြေးသွားကြကာ အဆင်ပြေမပြေ မေးနေကြသည်။ ပိုင်ဖန်း အိမ်တော်ကနေ လစ်ထွက်ဖို့ကြိုးစားလိုက်သည် ။ ပိုင်ဖန်း လူတွေကဇာတ်လိုက်ဆီပဲ အာရုံရောက်နေတာကြောင့် အပြင်ထွက်ရတာ အခက်အခဲသိပ်မရှိ။ သူက ဒီကမ္ဘာက အရံဇာတ်ကောင်လေးပဲလေ ဘယ်သူက ဂရုစိုက်မှာ မှာ မှာ ......

" အဲ့မှာရပ်နေစမ်း!!! "

*ချီးပဲ.. ဆုံးအောင်တော့တွေးပါရစေဟ *

* host ဆီမှာ လူအများကြားအရှိန်အဝါ ကုတ်ပွင့်နေတာ မမေ့ပါနဲ့*

* အဲ့တာကို ပိတ်ထားလိုက်စမ်း 24 *

* system update မြှင့်မှအလွယ်တကူဖွင့်နိုင်ပိတ်နိုင့်မှာမို့ points တွေအမြန်စုပြီး update မြှင့်ပါ host *

System နဲ့သတ်နေတုန်း သူ့ဆီကို ရောက်လာတဲ့ မေ့ဟွာကြောင့် သူဒီအတိုင်းရပ်နေလိုက်သည်။

" နင့်ကို ငါက သွားခွင့်ပြုလို့လား ကျွန်စုတ်ရဲ့ နင့်ကိုနင်ထင်တာလုပ်ခွင့်ရှိတယ်များထင်နေလား "

ပိုင်ဖန်း သူ့ကိုဆူပူကြိမ်းမောင်းနေတဲ့ မေ့ဟွာကို ကျော်ကာ နောက်က ဇာတ်လိုက်တို့အတွဲကို ခိုးကြည့်လိုက်သည်။ ဇာတ်လိုက်မက ဇာတ်လိုက်ကိုတွဲပေးထားတာကြောင့် သူနှာခေါင်းရှုံ့လိုက်သည်။ မှန်သွားတာဖြင့် ခေါင်းလေးမှန်သွားတာကို အပိုတွေ...

‌သွေးတွေထွက်နေသောဇာတ်လိုက်ရဲ့ခေါင်း .......

ခေါင်မူးနေမည်စိုး၍တွဲပေးထားသောဇာတ်လိုက်မ .......

* host ကတော့လေ သူဖြစ်တာမဟုတ်တိုင်း မညာမတာ ဟိုကောင်မလေးက host ဆီကို အားထည့်ပစ်တာလေ အဲ့တာကို ဇာတ်လိုက်က ဘာမဆိုင် ညာမဆိုင်ဝင်ခံလိုက်ရတာလေ သူ့ခေါင်းကသွေးတွေကိုမြင်ရဲ့လား *

* ဟွန့်သူကို ဘယ်သူက ငါ့နောက်မှာနေခိုင်းလို့လည်း သူလည်းရှောင်ပါ့လား ငါတောင်အရှောင်မြန်လို့ကို *

System 2443(Uni+Zawgyi)Where stories live. Discover now