Episode - 12 ( U + Z )

2.1K 153 9
                                    

Unicode

ရှောင်းကျန့် စာတွေ အလုပ်တွေနဲ့ ပင်ပန်းသောကြောင့် ကမ်းခြေတွေ မမြင်ခဲ့ရတာ ကြာပြီ...

စေတနာ့ ဝန်ထမ်း လာမှပဲ မမြင်ဖူးသော ရင်သပ်ဖွယ် ရှုခင်းတွေကို ခံစားနေရသည်။

ရိပေါ် တို့ တပ်ဆွဲထားသော မြို့လေးဟာ သေးငယ်သလောက် လှပလွန်းသည်တောင်တွေ ကြားထဲ ကားပတ်မောင်းရပြီး ဘေးတစ်ဖက်တွင် လှပသော ပင်လယ်ပြင် အလှကို ခံစားလို့ရသည်။

တပ်ရင်းချုပ်က မြို့ထဲရှိလို့ ထို လှပသော နေရာများကို ဖြတ်လာရခြင်းပင်

ဘေးနားမှာ ထိုင်နေသော ဆရာဝန် ပေါက်စက တဝိုးဝိုးတဝါးဝါး ဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး အံ့သြနေသည်။

" ကျန့်အာ က ပင်လယ် ကြိုက်လို့လား "

ရှောင်းကျန့် ပတ်ဝန်းကျင်ကို အာရုံစိုက်နေစဥ် ရိပေါ် စကားကြားတော့ ပြန်လှည့် ကြည့်ပြီး

" ကြိုက်တယ် ကျန့်ကျန့် ငယ်ငယ်တုန်း က ပါပါးတို့ မာမားတို့နဲ့ အတူ သွားနေကြလေ "

ရှောင်းကျန့် အဖြေကို ကြားတော့ ရိပေါ် အနည်းငယ် ဝမ်းနည်းမိသည် သူ့ မိဘတွေ ကလည်း ကမ်းခြေ လိုက်ပို့မယ် ပြောခဲ့ဖူးတယ်လေ ရိပေါ်ဆီက အမေးထပ်မလာတော့ ရှောင်းကျန့် ကြည့်မိတော့ အနည်းငယ် ပျက်နေသော မျက်နှာ

" လူကြီး ဘာတွေ တွေးနေတာလဲဟင် ကျန့်ကျန့် စကားမှားလို့လား..."

ဘေးက ကလေး ပြောစကားကြောင့် ရိပေါ် နွေးထွေးမှု အနည်းငယ် ခံစားလိုက်ရသည် သူ့ မျက်နှာရိပ် မျက်နှာကဲကို ဖမ်းတတ်တယ်ပေါ့ ဟူသော အတွေးဝင်လာသည်။

" ဘာမှမဖြစ်ပါဘူး ကျန့်အာရဲ့"

ရိပေါ် ဖြေလိုက်တာက လိမ်မှန်း ရှောင်းကျန့် သိတာပေါ့ သို့သော် ဆက်မမေးလိုက်ပါ။

" လူကြီး အဲ့တာ ဘာလဲဟင် "

ရိပေါ် ကားမောင်းနေရင်း ရှောင်းကျန့် မေးတဲ့ဟာကို ကြည့်လိုက်တော့

" အဲ့တာက ဒီမြို့လေးရဲ့ လူစိတ်ဝင်စားဆုံး နေရာလေ အတော်ဝေးတယ် "

You Must Be In My Life ( Completed )Donde viven las historias. Descúbrelo ahora