Episode - 33 ( U + Z )

1.4K 105 2
                                    

Unicode

လွန်ခဲ့သော ၁၀ နှစ်ကျော်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် တစ်ခု...

" မင်းဘာလို့ ခုလိုလုပ်ရတာလဲ "

ဝမ်အိမ်တော်ကို ဝိုင်းလာသော လူတွေကို ကြည့်ပြီး ဝမ်ပါပါး ဦးဆောင်လာသူကို မေးလိုက်တော့

" ဘယ်လို့လဲ ဟုတ်လား..ငါ့အဖြေက ဒါတွေနဲ့ မင်း မတန်ဘူးလို့ ဖြေမယ်ဆိုရင်ရော "

ပြန်ဖြေသော အဖြေကြောင့် ဝမ်ပါပါး ယူကြုံးမရ

" ငါတို့ မိသားစု မင်းကို အကောင်းဆုံး စောင့်ရှောက်လာတာပါကွာ "

ဦးဆောင်လာသူ ကတော့ အနည်းငယ်ရီလိုက်ပြီး

" မင်းအဖေရဲ့ လုပ်ခဲ့တဲ့ အပြစ်တွေကြောင့် ငါ့ကို စောင့်ရှောက်ထားရတာပါ ဝမ်အိမ်တော်က ဘယ်သူကများ ငါ့ကို တစ်ကယ် စိတ်ရင်းရှိခဲ့လို့လည်း "

" မင်းဘာလိုချင်တာလဲ မင်းလိုချင်ရင် အကုန်ယူသွားလိုက်ပါ ငါတို့ကိုတော့ ဘာမှမလုပ်ပါနဲ့ မင်းတူလေးကို ငဲ့ပေးပါ ရို့ဟန်..."

ဝမ်းရို့ဟန်ကတော့ ထိုစကားများကို ပြက်လုံးတစ်ခု အဖြစ်သာ မြင်သည် သူ့ငယ်စဥ်က အဖြစ်လောက်တော့ ဝမ်မိသားစုက မဆိုးခဲ့

သုံးနှစ်အရွယ် ဝမ်းရို့ဟန်လေးက အေးစက်နေသော ကားလမ်းမပေါ် ပစ်ထားခံခဲ့ရသည် မိခင်ဖြစ်သူကတော့ သူ့ရှေ့မှာပင် ရေကန်ထဲသို့ ဆင်းပြီး သတ်သေသွားသည်။

ထိုအချိန်မှာ မွေးကတည်းက မမြင်ခဲ့ရသော ဖခင်ဆိုသူက ပေါ်လာသည် သို့သော် ထိုလူမှာ သားနဲ့မယားနဲ့ပင် သူအားကိုရာရလို့ ​ပျော်ခဲ့ပေမယ့် ဝမ်အိမ်တော် ရောက်တာနဲ့ သူ့ဘဝဟာ ဆိုးရွားခဲ့သည်။

ဖခင်ဖြစ်သူနဲ့ သူ၏သားဖြစ်သူက သူ့ပေါ်ကောင်းသလောက် ဇနီးဆိုသူ ဝမ်ပါပါးရဲ့ မိခင်ဖြစ်သူကတော့ သူ့ကို ဆိုးရွာစွာ ဆက်ဆံခဲ့သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကနေ အညှိုးအဖြစ် ပြောင်းလဲလာပြီး ဝမ်ပါပါးထက် သာအောင် အစစအရာရာ ကြိုးစားခဲ့သည်...

ဖခင်ဖြစ်သူ သေဆုံးခါနီး သူ့အတွက်သေတမ်းစာ ပေးခဲ့သည် ထိုစာတွင် ဝမ် group ကို ဝမ်းရို့ဟန် လက်ထဲထည့်ခဲ့တာကို သိတော့ အညှိုးအတေးတွေ မေ့ဖျောက်ပစ်ပြီး အကောင်းဆုံးကြိုးစားမည်ဟု တွေးခဲ့သော်လည်း

You Must Be In My Life ( Completed )Onde histórias criam vida. Descubra agora