pink melody~~~
Ep 1###
အို.........ရင်ထဲမှတုန်ရီလှိုက်မောသောအသံနှင့်အတူ'soo'လှမ်းနေသောခြေလှမ်းကိုတုန့်ကနဲရပ်ကာ မျက်လုံးကိုဖြတ်ကနဲ မှိတ်ပစ်လိုက်မိ
သည်။တလက်စတည်းအခန်းနံရံကိုလည်းကျောဖြင့်ခပ်တင်းတင်းဖိထားလိုက်မိသည်။မထင်ပါ။ဒီလိုမြင်ကွင်းမျိုးကိုတွေ့ရလိမ့်မယ်လို့'soo'
လုံးဝမထင်မိတာပါ။အစကတည်းကသာ'soo'သည်လိုတွေ့မည်ဟုကြိုတင်သိခဲ့ပါကသည်နေရာကို'soo'လာမတဲ့လားး။သည်လိုကောပြင်
ထားခိုင်းမတဲ့လားကွယ်။ခုတော့......အခန်းနံရံကိုကျောခိုင်းမှီလျက်'soo'မျက်ဝန်းမှမျက်ရည်လေးများတစ်ပေါက်ပြီးတစ်ပေါက်လိမ့်ခနဲကျ
ဆင်းလာလေသည်။'soo'ရောက်နေသောနေရာ၏အပြင်ဘက်ခြံထဲမှာတော့ ရယ်မောသံ စကားပြောသအော်ဟစ်နောက်ပြောင်သံတွေဆူညံ
နေကြဆဲဖြစ်သည်။ ဒါပေါ့.........သူတို့အမြင်မှာတော့ပျော်စရာမင်္ဂလာပွဲတစ်ခုဖြစ်ပေမဲ့'soo' အတွက်တော့ 'soo'ရဲ့အသည်းနှလုံးကိုသဂြိုလ်
လိုက်တဲ့အသုဘအခမ်းအနားတစ်ခုလိုပါဘဲ။စီးကျလာသောမျက်ရည်ကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းသုတ်ကာအခန်းနံရံကိုခပ်ဖိဖိမှီထားလိုက်
သည်။'soo' ဘာလုပ်ရမလဲ။လောလောဆယ်မှာတော့'soo'ရင်တွေအရမ်းခုန်နေတယ် ။အချစ်စိတ်ကြောင့်ခုန်နေခြင်းမျိုးမဟုတ်ဘဲ ရင်ထဲ
ကအမုန်းစိတ်ကြောင့်'soo'အသက်ရှူမဝသလိုမျိုးပင်ဖြစ်လာသည်။အခန်းတွင်းမှမြင်ကွင်းက'soo'ကိုခြောက်လှန့်ထားသလို ဖမ်းလည်းဖမ်း
စားထားတယ်။ထပ်ကာမမြင်ဝံ့သော်လည်းမြင်ပြီးသားကို'soo'အမြင်အာရုံထဲကနေဖျောက်ဖျက်၍မရ။ဝိုင်းဝိုင်းစက်စက်နှင့်အလွန်လှသော
မျက်ဝန်းများကိုစုံမှိတ်ထားသော်လည်းအတွင်းအာရုံထဲတွင် အခန်းတွင်မှမြင်ကွင်းက'soo'ရဲ့စိတ်တွေကိုချုပ်ကိုင်ဆွဲငင်ထားသည်။ပထမဆုံး
'soo'စမြင်မိသည်ကပန်းရောင်တွင်အဖြူများသောပန်းရောင်နုနုတွေတစ်ခန်းလုံးကိုနေရာယူလွမ်းခြုံထားလေသည်။ပန်းရောင်နုနုများဖုံးလွှမ်း