Ep_10##

1.5K 113 1
                                    

Pink Melody~~

Ep-10## 

#By_YeeMon

ညနေခင်းရဲ့လေပြည်လေညင်းလေးများက ပန်းပင်လေးများကိုကျီစယ်နေသယောင် ပန်းပွင့်ပန်းခက်လေးများက

လေပြေညင်းရဲ့သီဆိုသံနှင့်အတူ ကခုန်ပျော်ပါးနေကြသည်~~ကောင်းကင်ပြင်တစ်ခွင်လုံးတွင်လည်း တိမ်စိုင်

တိမ်ခဲများက အသွေးအရောင်အသွင်အပြင်စုံလင်စွာဖြင့် လှသတတ်လှအောင်ဆေးပန်းချီခြယ်သထားလေတယ်

ပုစွန်ဆီရောင်တောက်ပနေသော အသူရိန်နေမင်းလည်း အနောက်ယွန်းယွန်းသို့မေးတင်ကာ တိမ်စိုင်တိမ်ခဲများကို

ပိုလို့ပင်လှပအောင်ထောက်ပံ့ပေးနေလေသည်~~ထိုသို့သာယာလှသော ညနေခင်းလေးတွင် kai တစ်ယောက်

ပျော်ရွှင်မြူးတူးစွာဖြင့် အခန်းထဲသို့ဝင်လာခိုက်~~'sooလေးးး…………ကို မာမီတို့ဆီခဏသွားး……သွားး………´

ပြောနေသောစကားလုံးများပင်ပြတ်တောက်သွားလောက်အောင် ရိုးရှင်းသော sooရဲ့အလှတရားများကိုငေးမော

သွားမိသည်~~~kaiနဲ့လက်ထပ်ပြီးကတည်းက soo မြန်မာဝတ်စုံကိုမဝတ်တော့တာ kaiက' လှလိုက်တာ´လို့

ပြောမိကတည်းက မြန်မာဝတ်စုံကိုလက်နဲ့မထိတော့တဲ့ soo ကအခုတော့ creamရောင် မြန်မာဝတ်စုံလေးကို

ဆင်မြန်းထားတယ်လေ အပျော့သားအကျီင်္လေးက sooရဲ့လှပတဲ့ခန္တကိုယ်ကောက်ကြောင်းများကိုပိုမိုပေါ်လွင်

စေတယ် ဆံနွယ်လေးများကိုအကုန်စု၍ စည်းနှောင်ထားသောကြောင့် sooရဲ့မျက်နှာဖူးဖူးလေးက ပိုလို့ပင် နုနယ်

သွားလေသည်~~ ထိုသို့နုနယ်သောမျက်နှာဖူးဖူးလေးပေါ်တွင် သနပ်ခါး ရေချဲလေးကိုလိမ်းခြယ်ထား

သောအခါ ရင်ထဲကိုအေးမြသွားစေတဲ့အထိ ရိုးရှင်းလှသော ပြင်ဆင်မှုက Kai ကို ပြောနေသောစကားများ

ပင်ဆွံ့အသွားစေတယ် အသက်ရှူရန်ပင်မေ့လျော့နေသည့်အလားး soo ကိုသာတမော့တမော ငေးကြည့်နေမိ

လေသည်( နော် ပုံဖော်ထာမပီပြင်ရင်လည်းး နော့် readerတွေဘဲဖြည့်တွေးပေးကြပါနော် XD)

Pink Melody~~Où les histoires vivent. Découvrez maintenant