Ep_2

1.8K 119 0
                                    

Pink Melody~~

Ep 2 ##

အစ်ကိုလေးထံမှလေးပင်သောသက်ပြင်းချသံနှင့်အတူ တိုးတိတ်သောအသံကထွက်လာလေသည်။'Taeyeon   ´'ရှင်……အစ်ကိုလေး'

' အစ်ကိုလေးအားလုံးကြားတယ် taeyeon '' အို………´' soo လေးကြိုက်သလိုသာပြင်ပေးလိုက်ပါ'သြော် အစ်ကိုလေးရယ် ရင်ထဲမှာ

စိတ်မကောင်းခြင်းကြီးစွာနှင့် အစ်ကိုလေးမျက်နှာကိုကြည့်ကာသက်ပြင်းချချိန်တွင် အစ်ကိုလေးကတော့ လေးတွဲသောခြေလှမ်းအစုံဖြင့်

အပြင်သို့ထွက်သွားခဲ့လေပြီ…………ငွေလမင်း၏အလင်းရောင်က ခြံတွင်းသို့ဖြာကျနေသည် ။ကြည်ကြည်လင်လင်တော့မဟုတ်။ဒီဇင်ဘာ၏

ငွေနှင်းမှုံများကိုဖြတ်သန်းကာကျနေရခြင်မို့မပီတပီ မကြည့်တကြည်။ soo ခြံထဲသို့ဆင်းလာစတွင်အအေးဒဏ်ကသိပ်မသိသာလှသော်လည်း

အချိန်ကြာလာညဥ့်နက်လာသည်နှင့်အမျှအအေးဒဏ်ကပိုမိုကဲလာသည်မို့soo အသင့်ပါလာသောယုန်မွေးဆွယ်တာ အဖြူရောင်လေးကို

ပုခုံးထက်မှာလွှမ်းခြုံလိုက်သည်။sooထိုင်နေသောခုံတန်းလေးနှင့်မလှမ်းမကမ်းမှာတော့အလုပ်သမားတွေကလှုပ်ရှားနေကြဆဲ။သိမ်းဆည်း

နေကြမြဲပင်။မကြာမီလေးကမှပြီးသွားသောနိုင်ငံခြားcompanyပိုင်ရှင် 'Kim Kai 'နှင့်'Do Kyungsoo 'တို့အကြောင်းကိုတီးတိုးတီးတိုး

သဖန်းပိုးလုပ်နေကြဆဲပင်ဖြစ်သည်။soo ကတော့မင်္ဂလာပွဲကြီးသာပြီးသွားသည် သူ့ကိုယ်သူ ဆောင်းတွင်းအိမ်မက်မက်နေသည်ဟုပင်

ထင်မှတ်နေဆဲ~~အိပ်ရာမှနိုးထလာသည်နှင့် ပျောက်ကွယ်သွားမည့်အဖြစ်တွေဟုခံယူနေမိဆဲပင်……သို့သော်လည်း~~ထုံကျင်အောင်အေး

လာသောအအေးဒဏ်ကတဖြည်းဖြည်းနဲ့ကဲသထက်ကဲလာလေသည်နှင့်အမျှ sooအဖြစ်တွေကလည်းအိမ်မက်မဖြစ်နိုင်မှန်းsooကိုယ့်ကိုကိုယ်

လက်ခံရပေတော့မည်။sooခုံတန်းလေးပေါ်တွင်မည်မျှကြာအောင်ထိုင်နေမိမှန်းမသိပေ ။sooလက်ရှိအခြေအနေကိုသတိရမိချိန်မှာတော့ညဥ့်

Pink Melody~~Donde viven las historias. Descúbrelo ahora