Ep 2

2.1K 300 26
                                    


Raw but Royal 2

ရှောင်းကျန့် လေယာဉ်ကွင်းမှာ လာကြိုမယ့်သူကို ပတ်ဝန်းကျင်မှာ အကဲခတ်ပြီးရှာကြည့်ရင်း လက်ထဲကနာရီကိုလည်း တစ်ချက်ငုံ့ကြည့်လိုက်တယ်။

ဈေးကြီးပေးဝယ်ထားတဲ့ အကောင်းစား Rolex နာရီက နေ့လည် ၁ နာရီခွဲကိုညွှန်ပြနေတယ်။ အဟမ်း နာရီအကောင်းစားဆိုတာကြွားချင်တာမဟုတ်ပါဘူး၊ အချိန်တိကျတယ်လို့ပြောချင်တဲ့သဘော။

သူကတော့ ရောက်ရမယ့်အချိန်မှာရောက်လာတာပဲ၊ လာကြိုမယ့်သူက ဘာလို့ပေါ်မလာသေးပါလိမ့်။

သေချာအောင်ဆိုပြီး လာကြိုမယ့်သူနဲ့သဘောတူထားတဲ့ အမျိုးသမီးရဲ့ဓာတ်ပုံကို We Chat ကနေ တစ်ခေါက်ပြန်ကြည့်တယ်။

သေချာပါတယ် ဒီလိုရုပ်ရည်မျိုးနဲ့ ဆင်တဲ့သူတစ်ယောက်မှ မတွေ့မိသေးပါဘူး။

ပထမဦးဆုံးအကြိမ်မှာတောင် ရှောင်းကျန့် သူနဲ့လူကြီးချင်းသဘောတူထားတယ်ဆိုတဲ့ အမျိုးသမီးကို စိတ်ထဲအလိုမကျဖြစ်မိတယ်။

ရှောင်းကျန့်က အလွန်တရာ တိကျသေချာမှကြိုက်တဲ့သူ အချိန်ဆိုရင်လည်း ကွက်တိရောက်မှကြိုက်တာ။

အဲ့တာကြောင့် သူ့ကို ကျောင်းတုန်းကတည်းက ခင်ကြတဲ့သူငယ်ချင်းတွေက စာအုပ်ကြီးလို့ နောက်ကွယ်မှာ နာမည်ပြောင်ပေးထားကြသေးတယ်။

ဟော .. ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့လည်း သူ့ရဲ့စာအုပ်ကဲ့သို့ တိကျသေချာတဲ့ စည်းစနစ်ကြောင့် သူ့ကို ကြောက်ကြတဲ့လက်အောက်ငယ်သားဝန်ထမ်းတွေကလည်း အများသား။

ရှောင်းကျန့်က "ဟိတ်" ဆိုရင် တပည့်တွေက "ပိတ်" ပြီးသား၊ ပါးစပ်ပြောတာနော် ပါးစပ်။

အဲ့ဒီလိုမျိုး ရှောင်းကျန့်က တိကျသေချာသလောက် ကိုယ်နဲ့သဘောတူထားတဲ့ အမျိုးသမီးက လာကြိုရမယ့် အချိန်ကိုတောင် အတိအကျရောက်မလာလေတော့ ရှောင်းကျန့်ဒေါသအနည်းငယ်ထွက်သွားတော့တာပေါ့။

အမှန်ဆိုရင်တော့ အဲ့ဒီအမျိုးသမီးကို လာကြိုခိုင်းဖို့ ရှောင်းကျန့်မှာ အစီအစဉ်မရှိပါဘူး။

• Raw but Royal •Donde viven las historias. Descúbrelo ahora