#Z
ဂျောင်ကုတစ်ယောက် မနက်မိုးလင်းတော့ ထရန်
ကြံသော်လည်း တစ်ကိုယ်လုံးကိုက်ခဲနေတယ်၊
နဖူးပေါ်လည်း တဘတ်ရောက်နေလေသည်။ငါညက တော်တော်အိပ်ပျော်သွားတာပဲ။
ဘေးဘီဘက်ကိုကြည့်လိုက်တော့ သူ့အကိုနမ်ဂျွန်
အိပ်နေတဲ့နမ်ဂျွန်ကို လှုပ်နှိုးနေသည်။"ကိုကြီး သား ဘာဖြစ်သွားတာလဲ..? "
"ဝှါး...နိုးလာပြီလား ကုကု "
"အင်း...အာ့ ကျွတ် ကျွတ် တစ်ကိုယ်လုံးကိုက်လိုက်
တာ ကိုကြီးရာ ""အေး ကိုက်မှာပေါ့၊ဖျားနေတဲ့အချိန် ကိုယ်တွေလက်
တွေကတော့ ကိုက်နေမှာပဲ၊ဒါနဲ့ မနေ့ကနေပူကြီးထဲ
ဘယ်တွေလျှောက်သွားလဲ?""အာ.ဒီအတိုင်း ဒီအတိုင်း စက်ဘီးစီးနေတာ စီးနေရင်း လူတစ်ယောက်ကိုတိုက်မိတယ်၊သူ့ကိုဆေး
ခန်းပို့ရင်း အိမ်ပြန်ပို့ပေးပြီး ချက်ချင်းကိုခြေလက်
ဆေးပြီး အိပ်ပျော်သွားတာ ဟီး.... "ရီနေတဲ့ ဂျောင်ကုအား အကိုဖြစ်သူနမ်ဂျွန်က တစ်ချက်ဖွဖွလေးခေါင်းကိုထုလိုက်တော့သည်။
"အာ့.. နာတယ် ကိုကြီးရဲ့ "
"အပိုတွေကပြောပြန်ပြီ၊..ငါထုတာဖြေးဖြေးလေး
အပူရှက်တာတောင် နည်းသေးတယ် ""အာ..ကိုကြီးကလဲ ဟင့် "
တစ်ချက်ရှိုက်သံလေးထွက်ပြတော့လေသည်။
"ကဲကဲ အကိုဂျောင် မျက်နှာသစ်သန့်စင်ဖို့ပစ္စည်းတွေ
ကို ကျွန်တော်မျိုး အဆင်သင့် ယူထားပေးပါတယ်
ဗျ ကိုယ့်ကိစ္စကိုရှင်းပြီးရင် ခဏမှေးနေပါ၊
အောက်ထပ်မှာ ဆန်ပြုတ်လုပ်ခိုင်းထားတယ်။ ""ဟီး... ကျေးဇူး၊ဒါနဲ့ မားမားရော?? "
" ပြောရမှာတော့... "
"ကိုကြီးဗျာ မနောက်နဲ့ကွာ "
"အေးပါ၊ မားမားက ပါးပါးရှိတဲ့စင်္ကာပူကို ခဏလိုက်သွားတယ် ညက အမြန်လေယျာဉ်နဲ့ ပါးပါးအလုပ်တွေကထပ်နေတော့ မားမားကကူညီ
မယ် ဆိုပါတော့ကွာ ""ဒါနဲ့ပဲ ကိုကြီးဂျွန်က အားယားနေတာပေါ့ ကျိုးတော့မှာပဲ အိမ်ကပစ္စည်းတွေ "
![](https://img.wattpad.com/cover/255714828-288-k756628.jpg)
YOU ARE READING
Poison ( Completed )
FanfictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကိုရယ်! ငယ်ရွယ်တဲ့အချစ်မလို့ ပြက်ရယ်မပြု လိုက်ပါနဲ့ဗျာ....။ ကိုကိုရယ်! ငယ်ရွယ်တဲ့အချစ်မလို့ ပြက်ရယ်မပြု လိုက်ပါနဲ့ဗျာ....။