EPISODE - 14

1.9K 162 6
                                    

#Z

"ကိုယ်.......ကူးငယ်ကို ချစ်တယ် "

ဂျောင်ဂုသည်တစ်နေ့ထဲတွင် Supriseတိုက်ခံရတာ
နှစ်ကြိမ်ထက်မကတော့ပေ၊တကယ်ဆို စာမေးပွဲပြီး
ရင်တောင် သူ့ဘက်က ဖွင့်ပြောမည်ဆိုရင်း စီစဉ်ထား
တာ အခုတော့ Hyungက သူ့က်ုအရင်ဖွင့်ပြောတာ
တဲ့လား မယုံနိုင်စွာပဲ အိမ်မက်ဟုထင်မှတ်ကာ မျက်
ရည်တွေစီးစေမိသည်။

"ဟင့်...ရွတ်...ဟင့်...ရွှတ် "

"ဟမ်?? ကူးငယ် ငိုနေတာလား ကလေး၊ဘာဖြစ်လို့
လဲ ကိုယ့်ကိုပြော ငယ် "

ဆိုရင်း ငိုနေတဲ့ကလေးငယ်အား သူ့ဘက်လှည့်ကာ
ပုခုံးနှစ်ဘက်အား ဆွဲကိုင်ရင်း မေးကြည့်လေသည်။

"Hyung အကိုယောင်းက်ု မကျေနပ်လို့..ဟင့်...ကုကီးကို...ဟင့် အဲ့လိုလာပြော
တာလားဟင် "

လက်စသတ်တော့ ကလေးငယ်က သူ့အား ဒီလိုပြော
တာနဲ့ ပတ်သတ်ပြီး ယောင်းဝူကို မကျေနပ်လို့ သူ့ကို
ချစ်ခွင့်ပန်ခဲ့တာလို့ ထင်ပါလိမ့်မည်~

"မဟုတ်တာကလေးငယ်ရာ..ကိုယ်က မင်းကိုချစ်နေတာကြာခဲ့ပြီ၊ကိုယ့်ရဲ့ရင်ခုန်သံတွေကို
မသိချင်ယောင်ဆောင်ထားမိလိုပါ ကိုယ်နဲ့ကျ မပြုံး
တဲ့ နှုတ်ခမ်းလေးတွေက သူနဲ့ကျ အမြဲပြုံးနေတော့
ကိုယ်လည်း သဝန်တိုသင့်တယ်မဟုတ်လား ကလေး
ငယ်ရယ်..ဒါကြောင့် ကိုယ့်ရင်ခုန်သံတွေကို ဆက်ပြီး
မညာချင်တော့လို့ ဖွင့်ပြောလိုက်ရတာလေကွာ "

သူ့ရင်ထဲကနေထွက်ပေါ်လာတဲ့ဖြေရှင်းချက်တွေ
ကြောင့်ပင် ကလေးငယ်ရဲ့နှုတ်မှလည်း နှုတ်ခမ်းတချွန်ချွန်နဲ့ သူ့အားအတင်းတုတ်နေသည့်
အသံလေးတွေလည်း တစ်စွန်းတစ်စ ထွက်ပေါ်လာ
လေသည် ~

"ဟွန့် ဒါများ ကုကီးကို နာကျင်အောင်လုပ်နေတယ်
လူကြီး မကောင်းဘူး "

"အခုတော့ မင်းကို ကိုယ်အပြည့်အဝချစ်ချင်ပါရဲ့
ကလေးငယ်ရယ်ကိုယ့်အချစ်ကိုလက်ခံပေးနိုင်မလား
ကူးငယ် အဖြေပေးဖို့ ရက်တွေအများကြီးထားရင်
တောင် ကိုယ်တကယ် စောင့်နိုင်ပါတယ်နော် အရေး
ကြီးတာက ကူးငယ်ရဲ့ ရင်ထဲကနေ နှစ်နှစ်ကာကာ
ထွက်လာတဲ့ အဖြေကိုပဲလိုချင်တာ "

Poison ( Completed )Where stories live. Discover now