တစ်ပေါက်ပေါက်ကျလာတဲ့မိုးစက်သံလေးတွေနဲ့အတူရှုရှိုက်မိတဲ့မြေသင်းနံ့လေး
လေတွေကလဲပြင်းလှသည်...
အမေ့အကြိုက်ဆုံးအရောင်ဆိုပြီးဝယ်ထားတဲ့ထီးခရမ်းရောင်လေးကိုဖွင့်ကာကျောင်းရှေ့ကိုအမြန်လျှောက်သွားလိုက်သည်သေချာတာပေါ့...အဖေ့ကားကိုမတွေ့
ပေါပေါကြောင်ကြောင်ဒီအတွေးကိုကျောင်းဆင်းတိုင်းတွေးမိတဲ့ကိုယ့်ပါးကိုသာကိုယ်ပြန်ရိုက်လိုက်ချင်သည်...Appaကအားမှမအားတာလူအေးကြီး..Ommaကိုတောင်သူ့မိဘတွေပေးစားလို့ယူခဲ့တာ..သူ့ကိုတော့ချစ်ပေးရှာပေမယ့်အမြဲတမ်းအလုပ်ဘဲလုပ်နေခဲ့တာပိုပိုဖိလုပ်လာတာOmmaဆုံးကတည်းကလို့ပြောရမလား..ပျော်ရွှင်မှုမရှိတဲ့လူတစ်ယောက်လိုပေါ့...လက်ထပ်ခဲ့တဲ့Ommaကတောင်သူချစ်တဲ့သူမှမဟုတ်တာ..အချစ်မပါတော့ပျော်စရာမကောင်းခဲ့တာအမှန်ပါ...အလုပ်များတဲ့အဖေနဲ့အပိုမလုပ်တတ်တဲ့သားနဲ့ရဲ့ဘဝကတော့ခြောက်ကပ်တိတ်ဆိတ်..
အမြဲတမ်းအမေနဲ့ဘဲနေခဲ့ရတာလဲပါမလား Appa နဲ့မရင်းနှီးတာAppaရောသူပါရင်းနှီးဖို့အတွက်တစ်ခါမှမကြိုးစားခဲ့ကြဖူးပါ
အတွေးပေါင်းစုံနဲ့ Bus ကားမှတ်တိုင်ဘက်ကိုလျှောက်လာနေသည်...မိုးကကြာလေသည်းလေပါလားနော်...တော်တော်များ Bus မစောင့်နိုင်တော့ဘဲ Taxi စီးတဲ့သူကစီးနဲ့တဖြေးဖြေးလူတွေနည်းလာနေသည်..
ညနေလဲစောင်းပြီမို့မိုးကလဲအုပ်နေတော့မှောင်စပြုနေပြီမလား...
ကားတွေကတော့သွားနေတုန်းပါဘဲ..
မှတ်တိုင်အမိုးအောက်ကနေတောင်မထွက်ရဲပါ
မိုးပက်ချက်ကလန်ထွက်နေတာပါဘဲလက်နှစ်ဖက်ကိုပွတ်ကာနွေးအောင်လုပ်နေတုန်းမှာဘဲမှတ်တိုင်ဘေးကနေဖြတ်သွားတဲ့ကောင်လေးတစ်ယောက်ရဲ့အရိပ်ကြောင့်ခဏတာသူ့ကိုဘဲလိုက်ကြည့်မိသွားသည်
"ဟင်...ထီးလဲမပါဘာလား"
ငါ့ကိစ္စမဟုတ်ဟုတွေးကာဘတ်စကားလာမလာဆက်ကြည့်နေပေမယ့်စိတ်ကမနေနိုင်
ခုနကကောင်လေးရှိရာနေရာကိုကြည့်တော့မရှိတော့...စိတ်ကထင့်ကာမှောင်နေရင်းကြားကသေချာရှာကြည့်မိသည်
မီးဖြင့်မစိမ်းသေးဘဲကားတွေကြားဖြတ်မလို့လုပ်နေတာ
YOU ARE READING
Dear StepBrother
FanficMy Third Minijeu Fic ဒီလိုကာလကြီးမှာRelaxဖြစ်စေနိုင်ဖို့သေးသေးမွှားမွှားလေးပါ ကိုယ်တိုင်လဲစာရေးနေရရင်ခဏစိတ်သက်သာရာရပါတယ် Hope you like it. အားတင်းထားကြပါ စိတ်အပန်းဖြေနိုင်အောင် Fic လဲကြိုးစားရေးပေးမယ်နော်