"ဟန်နေး"
အခန်းထဲမှာ ထိုင်ပြီး စာဖတ်နေသော နေးထံသို့ မေမေ့အသံရောက်လာသည်။ ဖက်လက်စ စာအုပ်ကို ချပြီး နေး အခန်းတံခါးကို ဖွင့်ရန် ထလိုက်ချိန်မှာပင် မေမေက တံခါးဖွင့်ဝင်လာ၏။
"နင့်အမ ရောက်နေတယ်"
'နင့်အမ' ဆိုသော နာမ်စားကို ကြားလိုက်သည်နှင့် နေး၏ မျက်ခုံးလေးနှစ်ဖက် တွန့်ချိုးသွားပြီး နေး ခုတင်ပေါ် ဆောင့်ဆောင့်အောင့်အောင့် ပြန်ထိုင်ချလိုက်မိသည်။ သူနဲ့ပတ်သက်ရင် အမြဲစိတ်ဆိုးစိတ်ကောက်နေတတ်တာ နေးအကျင့်။ ပြန်မချော့မှန်းသိရက်နဲ့လေ။
"နေး မရှိဘူးလို့ ပြောလိုက်"
"ခက်တယ်... ဟိုက အလုပ်မအားတဲ့ကြားက လာတွေ့တာကို "
"မသိဘူး မသိဘူး မတွေ့ချင်ဘူး"
ခေါင်းတခါခါနှင့် ပြန်လှည့်ထွက်သွားသော မေမေ့ကို ကြည့်ပြီး နေး ဆူပုပ်ပုပ်နှင့် စောင်ခေါင်းမြီးခြုံပြီး လဲချလိုက်သည်။ သူမကတော့ နေးဆီ တကူးတကလာပြီး ချော့နေမှာ မဟုတ်ပါဘူး။ လူနာတွေကို ပထမနေရာဦးစားပေးထားတတ်တဲ့ သူမအတွက် နေးက ဒုတိယနေရာမှာတောင် ရှိချင်မှ ရှိမှာပါ။ ရှင်းရှင်း ပြောရရင် နေးက သူမရဲ့ 1 to 10 priority list မှာ ပါတောင်ပါ့မလားပဲ။
"နေး"
ခေါ်သံကြောင့် နေး ရင်ခုန်သံတို့ မြန်ဆန်သွားမိသည်။ နေး စိတ်ကောက်တိုင်း မချော့တတ်တဲ့သူမက ထူးထူးဆန်းဆန်း နေးအခန်းရှေ့ ရောက်နေသည်လား။
"နေး တို့ဝင်လာမယ်နော်"
စကားသံနှင့်အတူ ထွက်ပေါ်လာသည့် တံခါးပွင့်သံကြောင့် နေး စောင်ကိုသာ တင်းတင်းဆုပ်ကိုင်ပြီး မျက်စိစုံမှိတ်လိုက်သည်။ နေးမှာလည်း မာနရှိသည်လေ။ သူ့အသံကြားရုံလေးနဲ့ စိတ်ဆိုးပြေရအောင် နေးက အသည်းပျော့တဲ့သူမှ မဟုတ်တာ။
အိကျသွားသော မွေ့ရာကြောင့် သူမ နေး ခုတင်ပေါ် ထိုင်ချလိုက်ကြောင်း နေးသိလိုက်သည်။ သူရှိနေသည်ဆိုသော အသိနဲ့တင် နေးရဲ့ နှလုံးသားကို ဗြောင်းဆန်သွားအောင် လုပ်နိုင်စွမ်းရှိပါသည်။ ရင်ခုန်သံတွေ သူမကြားသွားမည်စိုး၍ ထိန်းချုပ်ပါသော်လည်း ဘင်ခရာတီးနေသော နှလုံးသားက နေး အလိုကို ဆန့်ကျင်နေသည်။
ESTÁS LEYENDO
UNCHANGE & RED THREAD (oneshot)
Historia CortaUnchange 🍃 အမ နှုတ်ဖျားက ထွက်လာတဲ့ စကားလုံးတွေက နေးနှလုံးသားကို အကြိမ်ကြိမ် ဒဏ်ရာပေးတယ်။ ဆရာဝန်မကြီးက နေးနှလုံးသားကိုတော့ ကုမပေးတတ်ပြန်ဘူးလေ။ နေး တတ်နိုင်သည်ကတော့ ကိုယ့်ကိုယ်ကိုယ် ကုသပြီး သူမကို မချစ်တော့အောင် ကြိုးစားဖို့ပါပဲ Red Thread 🌻ပျားသကာလ...