စာ၁
ဒဏ္ဍာရီတွေက ပြောတယ်... ဖူးစာဖက်တွေကို အနီရောင်ကြိုးလေးက ဆက်သွယ်ပေးထားတယ်တဲ့။ ရှင်းရှင်းဆိုရရင် နတ်ရေးတဲ့ဖူးစာပေါ့ မ,ရာ။ အဲ့ဒီကြိုးလေးကလေ ဆုံဖက်ရမယ့်ကံပါပြီးသား လူနှစ်ယောက်ရဲ့ လက်သန်းလေးတွေကို ချည်နှောင်ပေးထားတဲ့ အနီရောင် ကြိုးမျှင်မျှင်လေးသိလား။ မျှင်မျှင်လေးဆိုပေမယ့်လို့ မပြတ်တောက်သလို၊ ဖျက်စီးလို့လည်း မရဘူးတဲ့လေ ...
မ, ကတော့ ထင်မှာပဲ ။ ဒီကလေး အဲ့ဒီကြိုးကို မြင်ရတာကျလို့ ဆိုပြီးတော့လေ။
တကယ်တော့ ... နေး အဲ့ဒီကြိုးကို မြင်ရတယ်
စာ ၂
ပထမစာမှာ ဆက်ရေးချင်ပေမယ့်လို့ နေး မ,ကို သိချင်စိတ်တွေ ပေါ်လာစေချင်လို့ပါ။ ဘယ်လိုလဲ... မ, မသိချင်ဘူးလား..... မ,ရဲ့ နှောင်ကြိုးလေးက ဘယ်သူနဲ့ ဆက်သွယ်နေမလဲဆိုတာကို။
နေးနဲ့ များလားလို့ တွေးလိုက်မိသေးလား ....
ဟားဟား... နေး ဘာတွေ မေးမိပြန်တာလဲ မသိဘူး။ နေးကတော့ တကယ်ပါ .. ရူးနေပြီထင်ပါရဲ့။ မဟုတ်ဘူး... မဟုတ်ဘူး...အရူးရင့်နေတာ......
နေးမှာ ဖူးစာဖက်တွေကို မြင်နိုင်စွမ်းမရှိရင် အကောင်းသား... အခုတော့ ဒီမျက်လုံးတွေကို မုန်းနေရပြီ
စာ ၃
မ.... ဒီနေ့နဲ့ဆို နေးကို ပစ်ထားခဲ့တာ ခြောက်လပြည့်ပြီနော်။ စက်ရုပ်တစ်ရုပ်လိုပဲ နေး အသက်မဲ့နေခဲ့တာလည်း ခြောက်လရှိပြီ။ မာမားက နေးကို ဆူတယ် ၊ အစားအသောက်မမှန်လို့ ...
အခုလေ နေး အရမ်းကြိုက်တဲ့ မာလာရှမ်းကောတောင် မ,မရှိတော့ အရသာမဲ့နေပြီသိလား....
ပူလောင်မှန်းသိသိရက်နဲ့ အချစ်ဆိုတဲ့မီးကို မလွှတ်တမ်း ဆုပ်ထားမိနေတယ် ထင်တယ်။ လွှတ်ချလိုက်ရမှာလည်း ကြောက်တယ်....
တကယ်တော့ မီးပုံထဲကို ရူးရူးမိုက်မိုက် ဝင်တိုးနေတဲ့ ပိုးဖလံပါပဲ နေးက။
ဒါမှမဟုတ်ရင် ... နေးပေးခဲ့တဲ့ အချစ်တွေက ပူလောင်လွန်းလို့ မ, ထွက်ပြေးသွားခဲ့တာလားဟင်။
BINABASA MO ANG
UNCHANGE & RED THREAD (oneshot)
Short StoryUnchange 🍃 အမ နှုတ်ဖျားက ထွက်လာတဲ့ စကားလုံးတွေက နေးနှလုံးသားကို အကြိမ်ကြိမ် ဒဏ်ရာပေးတယ်။ ဆရာဝန်မကြီးက နေးနှလုံးသားကိုတော့ ကုမပေးတတ်ပြန်ဘူးလေ။ နေး တတ်နိုင်သည်ကတော့ ကိုယ့်ကိုယ်ကိုယ် ကုသပြီး သူမကို မချစ်တော့အောင် ကြိုးစားဖို့ပါပဲ Red Thread 🌻ပျားသကာလ...