Guardian's Guardian (Unicode)

324 35 2
                                    

နွေဦးတော်လှန်ရေးအတွက် ပါဝင်လှူဒါန်းထားသောshort storyဖြစ်ပါသည်။






ဤနေရာသည် Cမြို့တော်တွင် တန်ဖိုးအကြီးဆုံးစံအိမ်တော်များထဲမှ တစ်ခုဖြစ်သည်။ စံအိမ်တော်က ကြီးမားကျယ်ပြန့်တဲ့မြေပေါ်မှာဆောက်ထားတာဖြစ်ပြီး
နောက်ဆုံးပေါ် luxury decoration များနဲ့ ခမ်းနားလှသည်။ စံအိမ်ပိုင်ရှင်ကတော့
YZ gp ရဲ့ဥက္ကဋ္ဌတို့လင်မယား။ ထူးခြားတာက ဥက္ကဋ္ဌတို့ကနှစ်ယောက်လုံး ယောကျာ်းလေးဖြစ်နေခြင်း။

C မြို့တော်မှာ လိင်တူချင်းလက်ထပ်ခွင့်ရတာ ၅နှစ်လောက်ပဲရှိသေးသည်။

စံအိမ်ထဲမှာတော့ ပွဲတစ်ခုပြင်ဆင်ဖို့ Xiao Zhanတစ်ယောက်အလုပ်များနေသည်။
Xiao Zhanက YZ gp ဥက္ကဋ္ဌ Wang YiBoရဲ့ခင်ပွန်း။ တစ်နည်းအားဖြင့် ဒီစံအိမ်ရဲ့အိမ်ကြီးရှင်။

Wang YiBoနဲ့ Xiao Zhanကလွန်ခဲ့တဲ့ငါးနှစ်တည်းကလက်ထပ်ထားတာ။ Wang YiBoရဲ့ကြင်ယာဖက်က Xiao Zhanဖြစ်နေခြင်းမှာ သဘာဝလွန်ဖြစ်ရပ်တစ်ချို့လည်း ပါဝင်ပက်သတ်နေသေးသည်။

Xiao Zhanအရင်က Guardian မျိုးနွယ်နတ်သားတစ်ပါး။ သူတို့မျိုးနွယ်တွေရဲ့ စောင့်ရှောက်မှုကောင်းချီးက ကံကောင်းတဲ့လူသားမျိုးနွယ်တွေအပေါ် သက်ရောက်ထားသည်။ Guardian
တွေစောင့်ရှောက်တဲ့မိသားစုတွေက ချမ်းသာကြွယ်ဝကြသည်။ Xiao Zhanရဲ့မိခင်သူ့ကိုကိုယ်ဝန်ဆောင်စဥ်မှာ နတ်ဆိုးတစ်ပါးရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်သွားခဲ့သည်။ ထိုအဖြစ်ပျက်ကြောင့် Xiao Zhanရဲ့နတ်ခန္ဓာပါ ထိခိုက်ပျက်စီးခဲ့ရသည်။ Guardian အနေနဲ့ဆက်နေဖို့အားနည်းလွန်းတဲ့အခါ Xiao Zhanကလူသားတစ်ယောက်အနေနဲ့ အသက်ဆက်ရှင်သန်ဖို့ပဲ ဖြစ်သည်။ ထိုအတွက် Xiao Zhanကိုလူအနေနဲ့ စောင့်ရှောက်ရန် Guardianတွေရဲ့အစောင့်ရှောက်ခံ မိသားစုတွေထဲကတစ်ခုဖြစ်တဲ့ Wangမျိုးရိုးကို တာဝန်ပေးခြင်းခံရသည်။ ထို့ကြောင့် Wangမျိုးရိုးရဲ့ တစ်ဦးတည်းသော သားဖြစ်သူမှာ Guardian Xiao Zhanကို စောင့်ရှောက်အုပ်ထိန်းဖို့ဖြစ်လာခဲ့ပြီး Xiao Zhanနဲ့လက်ဆက်ခဲ့သည်။

ဒါဟာ သူတို့မိသားစုတင်သိသော လျို့ဝှက်ချက်။ အပြင်လူမသိသူများကတော့ Wang Yiboကို Xiao Zhanနဲ့လက်ထပ်ခြင်းအပေါ် နှမျောကြရဲ့။ Wang မိသားစုရဲ့ချမ်းသာကြွယ်ဝမှုက ရွှေလမ်းငွေလမ်းဖောက်ချင်သူများပြားစေသည်။  ဒါပေမယ့် Wang မိသားစုကသူတို့ရဲ့တစ်ဦးတည်းသော သားကို ဘယ်ဥကပေါက်မှန်းမသိ Xiao Zhanဆိုတဲ့နာမည်တစ်လုံးကလွဲ ဘာမှန်းမသိရသောသူနဲ့ လက်ထပ်ပေးလိုက်ကြသည်။

Guardian's GuardianTempat cerita menjadi hidup. Temukan sekarang