[[UNICODE]]
ဒါပေမဲ့၊
အခုထက်တိုင် ငါအသက်ရှင်သန်နေနိုင်တာကတော့
အေးမြတဲ့လေနဲ့၊ မြေကြီးရဲ့ရနံ့ကို
ငါ သိနေသေးလို့ပါပဲ။*
◽️'မုန်တိုင်းပြီးလျှင် လေပြည်လာသတတ်"ဆိုတဲ့ စကားဟာ ရာနှုန်းပြည့် မမှန်နိုင်ပေမဲ့ နေ့တိုင်းတော့ မုန်တိုင်း မကျနိုင်ပါဘူးလေ။ စိတ်ကတော့ အမြဲတစေ လှိုင်းထန်နေတတ်သည်ပဲလား။ မပြောတတ်။ ဂျူဟျွန်း၏ ဒိုင်ယာရီစာအုပ်ထဲတွင်တော့ 'မှတ်ချက်အထွေအထူးမရှိ'ဟုသာ ကန့်လန်ဖြတ် ချရေးထားမိသည်။ ဟိုတစ်နေ့က ညစာစားပွဲဟာ တကယ်ပင် မရှိခဲ့သလို အရာရာဟာ သွေးပျက်စရာကောင်းလောက်အောင် ပုံမှန် ဆန်လွန်းလှသည်။ ဝုန်းဒိုင်းကြဲ ရန်ဖြစ်ကြရမည့် အရွယ်ကို ကျော်လွန်ခဲ့ပြီး၍လည်း ဖြစ်ချေလိမ့်မည်။
"မနက်ဖြန် ပြဇာတ်ကြည့်ကြမလား ဒါလင်
နာနာ ဆိုတဲ့ ပြဇာတ်အသစ် တင်နေတယ်~ပိုစတာကတော့ အတော်လှတာပဲ"ဂျူဟျွန်းက ဧည့်ခန်းထဲရှိ ဆိုဖာထဲ ကိုယ်ကို မြုပ်နေအောင် ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေစဉ် ဝမ်က ထိုသို့ ဆိုလာသည်။ စကော့တ်ဖစ်ဂျရယ် ၏ "သည် ဂရိတ် ဂတ်စဘီ" စာအုပ်ကို ဂျူဟျွန်း ဖတ်နေတာ ဆယ်ကြိမ်ထက် နည်းမည် မထင်။ ဝမ့်ရဲ့ ကိုယ်သင်းနံ့မှာ ညှို့ဓာတ်တစ်မျိုး ရှိတာကိုတော့ ဂျူဟျွန်း လက်ခံရသည်။ အာရုံပျက်ပြားစေသည်မို့ စိတ်အနှောင့်အယှက်ဖြစ်ရသည်။
"ဒါလင် မနက်ဖြန် မအားဘူး"
"တစ်ယောက်ယောက်နဲ့ ချိန်းထားတာ ရှိလို့လား~
ကဲ~ စကားပြောနေတုန်း ဝမ့်ကို ကြည့်ပါဦး ဒါလင်ရဲ့"ဝမ်ပြောမှ ဂျူဟျွန်းဟာ ဝမ့်အပေါ် ဘယ်လောက်ထိ စိတ်ဝင်တစား မရှိသည့်အကြောင်း တွေးမိကာ အားနာရသည်။ စာဖတ်လက်စ နေရာကို မည်သို့မျှ အမှတ်အသားမပြုပါပဲ ဂျူဟျွန်း စာအုပ်ပိတ်လိုက်သည်။ ပြီးလျှင် တွေ့ကရာ နေရာကနေ ကောက်ဖတ်ပြီး အဲ့သည့်ဇာတ်ကွက်ကလေးကိုပဲ အပြည့်အဝ ခံစားမည်။
"ညနေတော့ ဘယ်သူနဲ့မှ ချိန်းမထားပါဘူး~
ဆူးလ်ဂီကိုတော့ နေ့လည် ထမင်းစားဖိတ်ထားတယ်"