အပိုင်း-၁၅

512 54 21
                                    

[[UNICODE]]

သူ့ရဲ့ အဥ္ဇတ္တထဲ ချောင်းကြည့်ရမယ်။
ဗဟိုချက်ထဲမှာ ဘာတွေဆင်မြန်းထားသလဲဆိုတာ မြင်ရဖို့။ *
▫️

စစ်ပွဲအောင်နိုင်သူ ရရှိခဲ့သည့် ဆုတံဆိပ်နောက်ကွယ်  ချောက်နက်နက်တခုရှိသည်တဲ့။ ဆူးလ်ဂီကတော့ ထိုစကားကို နားမလည်တတ်သေး။ ကျူးလစ်ဝါတွေနဲ့ အလဲအလှယ်ပြုလုပ်ခဲ့သည့် အပြုံးပန်းတွေကိုသာ ပိုက်လို့ အိမ်ပြန်ခဲ့သည်ပဲ။

အသက်ရှင်ရခြင်းဟာ လေထဲလွင့်နေသလိုပဲဟု တွေးမိ၏။ ရှစ်နှစ်အရွယ်ကလေးနှင့် ဆူးလ်ဂီတို့ ရင်းနှီးရန်ကိစ္စဟာ သိပ်ခက်ခဲသည်မဟုတ်။ စနေ၊တနင်္ဂနွေနေ့တိုင်း ဂျူဟျွန်းအိမ်သို့ သွားပြီး ယယ်ရင်းကို ပန်းချီသင်ပေးရသည်။ ထို နာရီပိုင်းကာလအတွင်းတော့ ဆွန်းဝမ်က အိမ်မှာရှိမနေတတ်။ ဂျူဟျွန်းနှင့် ဆူးလ်ဂီတို့ ဆက်ဆံရေးကို မသိနိုင်တာထက် မသိချင်လို့ဖြစ်ပါလိမ့်မည်။

"မဟုတ်ဘူး~ ယယ်ရင်းရဲ့~
အညိုရင့်ရောင်ရဖို့ဆို အနီ၊ အဝါနဲ့ အပြာကို ဒီလို~ စပ်ရမှာ~
အနီကို နည်းနည်းပိုများပြီး အပြာကိုလျှော့ရမှာ~အင်း~"

ရှစ်နှစ်ကလေးကို သင်ရမည်ဆိုတော့ ခဲတံကိုင်နည်းကစပြီး သင်ရမည်ထင်ခဲ့သည်။ ယယ်ရင်းက အခု အက်ခရီလစ်ပန်းချီတောင် ဆွဲနိုင်နေပြီဖြစ်သည်။ ဂျူဟျွန်းကတော့ "ယယ်ရင်းလေးက ပီကာဆို လက်သစ်နေမယ်" ဟုပင် ရယ်ရယ်မောမောပြန်ပြောခဲ့သေးသည်။ သားသမီးအပေါ် ဂုဏ်ယူနေသည့် မိခင်ရဲ့ မျက်ဝန်းတွေဟာ လှရဲ့။ ဂျူဟျွန်းမို့လို့ သာ၍လှရဲ့။

"ဒါဆို ရလား ဆူးလ်ဂီ ဆမ်(မ်)"

ယယ်ရင်းဆွဲနေသည်မှာ သစ်ပင်တပင်၏ပုံ။ သူ့အရွယ်နှင့်တော့ တော်လှသည်ဟု ဆိုရချေရဲ့။

"ရတာပေါ့~ လှတယ်~"

တိုင်ကပ်နာရီကို တချက်ကြည့်မိတော့ ညနေ ငါးနာရီ ကျော်ပြီမို့ ယယ်ရင်းကို နှုတ်ဆက်ရသည်။ သူ့အခန်းက ထွက်ခဲ့လျှင်တော့ ဂျူဟျွန်းကလည်း အချိန်ကိုက် စာကြည့်ခန်းထဲက ထွက်လာတတ်သည်။ နောက်တော့ "ခဏနော်" ဟုဆိုကာ ယယ်ရင်းအခန်းထဲ ဝင်သွားတတ်သည်။ ပြီးရင်တော့ ဆူးလ်ဂီကို အိမ်ပြန်လိုက်ပို့တတ်သည်။

You've reached the end of published parts.

⏰ Last updated: Sep 15, 2021 ⏰

Add this story to your Library to get notified about new parts!

Burning Tulips Where stories live. Discover now