Part 4 (Uni)

9.4K 892 75
                                    

LOVE OR HATE?

Part 4

Unicode

"ကိုး သီချင်းတိုက်တာအဆင်ပြေလား ။ "

ကိုး ,အိမ့်နှင့်အတူ ကန်တင်းတွင်ထိုင်ကာ နေ့လယ်စာ ကြေးအိုးစားနေစဥ် အိမ့်ဘက်မှ စတင်ကာစကားဆိုလာသည် ။

"အင်း ပြေတယ် ။ အိမ့်တို့ကော.. "

"အိမ့်တို့လည်း ပြေပါတယ် ။ သန်ဘက်ခါ ဆိုရင်တောင် ပွဲ စတော့မယ်နော် ။ "

"အင်း "

"ဒါနဲ့ကိုး , ခဏနေ အိမ့်ကို Beauty Saloon လိုက်ပို့ပါလား ။ "

Workshop သို့ ကား ပို့ထားရသည်ဖြစ်တာကြောင့် ကိုး အား လိုက်ပို့ရန် အိမ့် ပူဆာလိုက်သည် ။

"Okay..သွားကြမယ်လေ ။ ကိုယ် လည်း ဆံပင်အရောင်ဆိုးမလားစဥ်းစားနေတာ ။ "

"အိမ့် တို့က အဲလိုအတွေးတူနေကြတာနော် ခ်ခ် ။ ဒါကြောင့်မို့ လည်း အိမ့် ကကိုး ကိုချစ်ရတာ "

"ဟား ဟုတ်ပါပြီကွာ "

Miss တစ်ယောက်ဖြစ်သူ ပီပီ စကားတွေလည်းပြောတတ်လွန်းနေသော ချစ်သူလေးကြောင့် ကိုး သဘောကျစွာ ရယ်မောမိသွားရသည် ။

✨✨✨

ခွန်းတစ်ယောက် ဒီနေ့အတန်းက နေ့တစ်ဝက်ပဲရှိတာကြောင့် အိမ်လည်းမပြန်ချင်သေး၍ ကျောင်းခေါင်မိုးထပ် သို့တက်လာကာ လေတဖြူးဖြူး ဖြင့် Record ယူထားသောသီချင်းအားပြန်လည်နားထောင်ရင်း ဂီတာခေါက်နေလိုက်သည်...။

"ညီ.. "

ပုခုံးပေါ်သို့လက်ပုတ်လာ၍ ပြန်လှည့်ကြည့်လိုက်တော့ အစ်ကို ဇွဲဝဿန် ။ ကျောင်းဝတ်စုံ အကျ္ီ အဖြူ ၊ နက်ပြာရောင်ဘောင်းဘီလေးဖြင့်သပ်ရပ်စွာ အစ်ကိုကကြည့်ကောင်းနေသည် ။

"ဪ အစ်ကို အတန်းမရှိဘူးလား ။ "

"အင်း တစ်ချိန်ပဲကျန်တော့တာ ညီ ။ အခုချိန်က ဆရာ မလာလို့ ပျင်းတာနဲ့ အပေါ်တက်လာတာ ညီ့ကို တွေ့တာပဲ ။ ညီကော အတန်းမရှိဘူးလား ။ "

LOVE OR HATE ? [Completed]Tempat cerita menjadi hidup. Temukan sekarang