Unicode
'System... '
System : ပြော host...
'မနက်ပိုင်းမက်တဲ့ အိမ်မက်ကတကယ်ဖြစ်လား'
System : host အိမ်မက်ဆိုးမက်လို့လား
'........'
System : အိမ်မက်ကဘယ်လိုလုပ် တကယ်ဖြစ်မှာလဲ host စိတ်စွဲတာတွေကိုပဲ အိမ်မက်အဖြစ်ပြန်မက်တာလေ....
'အော်...အင်းအင်း'
System : မေးစရာမရှိရင်သွားပြီ
'မင်းကဘယ်သွားမှာလဲ'
System : သွားချင်တဲ့နေရာသွားမှာပေါ့
'အေးပါ'
.
.
.
.
.
.
.
.
.
.
.
.Jungkook အိပ်ရာပေါ်၌ ထိုင်ကာ စဥ်းစားနေမိသည်...နေ့လည်က စားသောက်ပြီးတော့ tae ကအိပ်ချင်တယ်ဆိုတာကြောင့် သူတို့ hotel သို့ပြန်လာခဲ့လိုက်သည်.....သူ့ဖုန်းထဲမှ E-mail နဲ့ပို့ထားတဲ့စရင်းများအားသူစစ်ဆေးရင်း ခဏကြာတော့ tae ကညည်းညူလာကာခန္ဓာကိုယ်မှချွေးများထွက်လာတော့သည်...သူလည်းနှိုးမယ်လုပ်တော့ tae ကလန့်နိုးလာခဲ့သည်....အဲ့ဒီနောက်မှာတော့ tae ကတစ်စုံတစ်ခုကိုကြောက်လန့်နေခဲ့သည်...ဘယ်လောက်တောင်လဲဆို သူကျွန်တော့်ကိုကြည့်တဲ့မျက်ဝန်းတွေဟာ အကြောက်တရားများဖြင့်သာ...ထိုအရာကဘာကြောင့်မှန်းမသိ သူရင်ကိုနာစေတယ်..သူနှစ်သိမ့်ပေးရန်လက်လှမ်းမိတော့ မထင်မှတ်ထားတဲ့ ငြင်းဆန်ခြင်းကိုသူရရှိခဲ့သည်...ရုတ်တရပ်ဆိုသလို သူဘယ်တော့မှလိုက်လို့မရတဲ့ကောင်မလေးတစ်ယောက်ဆီကအငြင်းခံလိုက်ရသလိုပင်...တစ်စုံတစ်ခုအားဆုံးရှုံးလိုက်ရသလို....taehyung ကအသိဝင်လာချိန်မှာတော့ သူ့ကိုအားနာဟန်ကြည့်တယ်..သူလည်း ဘာမှမဖြစ်ပါဘူး ဆိုတဲ့ပုံစံလေးလုပ်ပြလိုက်မှ tae ကရေချိုးရန်ထသွားတော့သည်.....
"Jeon.."
"အင်းပြောလေ tae"
Taehyung ရဲ့ခေါ်သံကြောင့် jungkook အတွေးထဲမှထွက်လာတော့သည်......
tae ကသူ့အနားသို့လျောက်လာကာ အိပ်ရာပေါ်သို့တက်လာပြီး သူခါးအားဖက်ထားသည်....."တစ်ခုခုဖြစ်လို့လား"
"အိမ်မက်ဆိုးမက်တယ်"
![](https://img.wattpad.com/cover/254219573-288-k167476.jpg)